ပါဝင်ပစ္စည်း (၁၂လုံးစာ)
- ဂျုံ - ၅၀၀ ဂရမ် (All Purpose Flour)
- Yeast ပွဆေး - ၁/၃ စားပွဲတင်ဇွန်း
- သကြား - ၅၀ဂရမ်
- ဆား - ၃ ဂရမ် အနည်းငယ်
- ဆီ - ၅၀ ဂရမ်
- ကြက်ဥ - တလုံး
- ရေ - ၂၀၀ ml
ဆီစာအတွက်လိုအပ်သောပစ္စည်း
- ဆီ - ၁၀၀ ဂရမ်
- ဂျုံ - ၁၅၀ ဂရမ်
ပြင်ဆင်ပြုလုပ်နည်း
- ဂျုံကိုဇလုံတခုတွင်ထည့်ပြီးပါဝင်ပစ္စည်းအားလုံးဖြင့်ဂျုံသားချောမွေ့လာသည်ထိနှယ်ပါချောမွေ့လာပါကသုံးပိုင်းခွဲပြီးဆယ်မိနစ်ခန့်နှပ်ထားပါရေကိုအကုန်မထည့်ဘဲဖြည်းဖြည်းဆီထည့်နယ်ပါဂျုံအမျိုးအစားပေါ်မူတည်ပြီးအပျော့အမာကွဲနိုင်ပါတယ်။မုန့်သားဖြူရန်ဂျုံနယ်သားကျရန်အရေးကြီးပါတယ်။လက်ဖြင့်နယ်လျှင်မိနစ်၂၀နှင့်စက်ဖြင့်၁၂မိနစ်။
- နှပ်ထားစဉ်ဆီစာပြုလုပ်ပါ။ဆီနှင့်ဂျုံကိုသမအောင်ရောမွေထားပြီးသုံးပုံပုံထားပါ။
- ပြီးလျှင်နှပ်ထားသောဂျုံလုံးကိုပြားပြီးဆီစာထည့်ပြီးပြန်လုံးထားပါ။ဆီစာမထွက်လာစေရန်အထူးဂရုပြုပါ။
- မိမိနှစ်သက်ရာအစာကိုအဆင်သင့်လုပ်ထားပါ။(ပဲယို၊ အုန်းသီးသို့ အသား)
- ဂျုံသားနှပ်ပါကလိမ့်တုန်းဖြင့်ပြားပြီးပြန့်နေအောင်ဖြန့်ပါ။ဆီစာများပေါက်မထွက်စေရန်ဂရုပြုရပါမယ်။
- အပြန့်ညီပါကအစွန်းတဖက်မှစ၍အတွင်းဘက်သို့ကျစ်နေအောင်လိပ်ပေးပါ။
- ရလာသောအလိပ်ကိုလေးပိုင်းပိုင်းပြီးထောင်၍စီထားပါ။ရေစိုအဝတ်ပါးဖြင့်ဖုံးအုပ်ထားပါ။
- ဂျုံသုံးလုံးစလုံးလိပ်ပြီးဖြတ်ပြီးပါကပထမဆုံးလိပ်ထားသောအလိပ်မှစတင်ပြီးထောင်ထားသည့်အတိုင်းပြားပေးပါ။အလွှာများမကွဲအောင်ဂရုပြုပါ။
- ပြားပြီးပါကနှစ်သက်ရာအစာထည့်ပြီးလုံအောင်ပိတ်ပါ။ခုနှစ်လွှာပေါက်စီသည်ပန်းဖော်ရန်မလွယ်ကူပါ။ပိတ်ထားသောဘက်ကိုအောက်ဖက်တွင်ထားရမည်။အလွယ်တကူပွင့်ထွက်နိုင်သည်။
- အစာသွပ်ပြီးသားပေါက်စီကိုမိမိပေါင်းမည့်ဘမ်းတွင်စက္ကူခံပြီးမှောက်၍တင်ပါ။
- အားလုံးပြီးပါက အဖုံးအုပ်ပြီး ပူနွေးသောနေရာတွင်အပွခံထားပါ။
- အပွခံထားစဉ်ပေါက်စီပေါင်းမည်အိုးက်ိုရေနွေးအစဉ်သင့်တည်ထားပါ။
- အပွခံထားသောမုန့်လိုအပ်သောအပွအနေထားသို့ရောက်ပါကဆူပွက်နေသောရေပေါင်းခံအိုးသို့တင်ပြီးအဖုံးလုံလုံဖြင့်ဆယ်မိနစ်ခန့်ပေါင်းပြီးလျှင်သုံးဆောင်နိုင်ပါပြီရှင်။
ပဲယိုပြုလုပ်နည်း
- ပဲလွန်း - ၂၅ကျပ်သား
- ထန်းလျက် ၂၅ကျပ်သား
- ဆီ - ၁၅ ကျပ်သား
- ဆား - အနည်းငယ်
- ပဲလွန်းကိုရေတညစိမ်ပြီးဆော်ဒါလ္ဘက်ဇွန်းတစ်ဇွန်းထည့်ပြီးပြုတ်ပါ။
- ပဲနူးပါကရေစစ်ထားပြီးကြိတ်စက်ဖြင့်ကြေအောင်ကြိတ်ပါ။
- ထန်းလျက်ကိုရေအနည်းငယ်ဖြင့်ကျိုပြီးအမှိုက်များစစ်ထုတ်ပါ ပြီးလျှင်ညောင်စေးကျအောင်ပြန်ကျိုထားပါ။
- ပဲယိုထိုးမည့်ဒယ်အိုးတွင်ဆီထည့်ပြီးထန်းလျက်ထည့်ကြော်ပါ။
- မွှေးပြီးထန်းလျက်ပွလာပါကပဲကြိတ်ထားသည်ကိုထည့်ပါ။ဆားအနည်းငယ်ထည့်ပြီးရေခမ်းဆီပြန်လာသည်ထိမွေပေးပါ။
- ပဲနှင့်ထန်းလျက်တွင်ရေကျန်ပါကကျိုနေစဉ်တွင်အပူများစင်တတ်၍ဂရုပြုပါ။
- အထားခံရန်ဆီပြန်ပြီးလုံးလာသည်ထိကျိုပေးပါ။ပြီးလျှင်အအေးခံထားကာလိုသလိုအသုံးပြုနိုင်ပါပြီ။
ကြက်သားအစာသွပ်ရန်အတွက်
- ကြက်သွန်နီအတုံးသေးသေးစိတ်ပြီးကြော်ပါ။
- ကြက်သားစင်းကောထည့်ပါ။
- ဆား၊ဟင်းခတ်မှုန့်၊ ရှောက်ကောထည့်ပါ။
- ကျိုချိုက် ထည့်ပါ။ နှစ်သက်ပါကပဲပင်ပေါက်ထည့်ပါ။
- အရသာမြည်းကာဆယ်ယူဆီစစ်ထားပါ။
- အစာသွပ်မည့်အချိန်တွင်ကြက်ဥအစိမ်းတလုံးထည့်ကာမွေပေးပါ။
No comments:
Post a Comment