ပိန္နဲသီးဝက်နံရိုးဟင်း


ဝက်နံရိုးမပါဘဲချက်တဲ့ ဒီဟင်းမျိုးကို ‘တောဝက်သားဟင်း’လို့ တချို့ အရပ်ဒေသတွေမှာခေါ်ကြတယ်။ ဒီချက်နည်းလေးကတော့ ဝက်နံရိုးနဲ့ တွဲဖက်ချက်တဲ့နည်းလေးပါ။ ဝက်သားနဲ့ ပိန္နဲသီးကြိုက်သူးများအတွက် ထမင်းမြိန်မယ့် တောဟင်းလေးပါ။

လိုအပ်သောပစ္စည်းများ

  • ပိန်နဲသီး – ၁ ကီလိုဂရမျ
  •  ဝက်နံရိုး – ၅ဝဝ ဂရမ်
  • ကြက်သွန်နီဥအကြီး – ၄ လုံး
  • ကြက်သွန်ဖြူ – ၃ လုံး
  •  ငရုတ်သီးအကြမ်းမှုန့် – စားပွဲဇွန်း ၃ ဇွန်း
  • နနွင်းမှုန့် – အနည်းငယ်
  • ငရုတ်ကောင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား – အနည်းငယ်
  •  ဆီ – စားပွဲဇွန်း ၅ ဇွန်း

ချက်ပြုတ်နည်း

၁။ ပထမဦးဆုံး ငရုတ်ကောင်းစေ့၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်တို့ကို ရောပြီး ကျေညက်အောင်ထောင်းပါ။

၂။ ပိန္နဲသီးကို အခွံခွာပြီး အနေတော်အရွယ်တုံးထားပါ။ ဝက်နံရိုးကို သန့်ရှင်းအောင် ဆေးထားပါ။

၃။ အားလုံးအဆင်သင့်ဖြစ်လျှင် အိုးတစ်လုံးတွင် ထည့်ပြီးနယ်ပါ။ ပြီးလျှင် မီးဖိုပေါ်တင်ပြီး လုံးချက်ချက်ပါ။ ဆီပြန်လာလျှင်ရေနွေးမြုပ်အောင်ထည့်ပြီး ချက်ပါ။ ဆူလာလျှင် ကြက်သားမှုန့်၊ ဆားထည့်ပြီး ပိန္နဲသီးနူးသည်အထိချက်ပါ။

No comments:

Post a Comment

@templatesyard