အသားပေါက်စီ/ပဲပေါက်စီ


ပြုလုပ်နည်းအဆင့်ဆင့်ကိုအရှင်းဆုံးရေးပေးထားတဲ့အတွက်တဆင့်ချင်းကိုသေချာဖတ်ပြီးလိုက်လုပ်မယ်ဆိုရင်အဆင်ပြေနိုင်ဖို့မျော်လင့်ပါတယ်။အရေးကြီးလိုအပ်တဲ့သတိပြုရမဲ့အချက်တွေထပ်မံဖြည့်စွက်ပေးထားပါတယ်။

ဂျုံသားအတွက်ပါဝင်ပစ္စည်း (၁၂လုံး)

  • ဂျုံ - ၅၀၀ ဂရမ် (All Purpose Flour)
  • Yeast ပွဆေး - ၁/၃ စားပွဲဇွန်း
  • သကြား - ၅၀ဂရမ်
  • ဆား - ၃ဂရမ် အနည်းငယ်
  • ဆီ - ၅၀ ဂရမ်
  • ကြက်ဥ - တလုံး
  • ရေ - ၂၀၀ ml

ပြင်ဆင်ပြုလုပ်ပုံ

(၁)ဂျုံကိုဇလုံတခုတွင်ထည့်ပြီးပါဝင်ပစ္စည်းအားလုံးထည့်ပြီးဂျုံသားချောမွေ့လာသည်ထိနှယ်ပါ။ရေကိုအကုန်မထည့်ဘဲဖြည်းဖြည်းဆီထည့်နယ်ပါ၊ဂျံ ုအမျိုးအစားပေါ်မူတည်ပြီးအပျော့အမာကွဲနိုင်ပါတယ်။မုန့်သားဖြူရန်ဂျုံနယ်သားကျရန်အရေးကြီးပါတယ်။လက်ဖြင့်နယ်လျှင်မိနစ်၂၀နှင့်စက်ဖြင့်၁၂မိနစ်။
(၂)ဂျုံသားညက်ပါကညီတူညီမျှ၁၂လုံးလုံးပြီးအစာသွပ်ရန်၅မိနစ်ခန့်နှပ်ထားပါ။
(၃)မိမိနှစ်သက်ရာအစာကိုအဆင်သင့်လုပ်ထားပါ။ပဲယို၊အုန်းသီး၊အသားတို့ကိုပူနွေးမနေစေရန်ဂရုပြုပါ။
(၄)ဂျုံသားနှပ်ပါကလိမ့်တုန်းဖြင့်ပြားပြီးအစာသွပ်ပါ ။လိမ့်တုံးဖြင့်ဖြန့်၍ရလျှင်ဂျုံနှပ်ပါပြီ။
(၅)အစာသွပ်ပြီးသားပေါက်စီကိုမိမိပေါင်းမည့်ဘမ်းတွင်တခါတည်းစက္ကူခံပြီးတင်ပါအစာသွပ်ပြီးအပွခံထားစဉ်မုန့့်ကိုမထိရမကိုင်ရဘမ်းပြောင်းရွေ့ခြင်းမပြုရ။
(၆)အားလုံးအစာသွပ်ပြီးပါကလေလုံအောင်ဖုံးအုပ်ပြီးပူနွေးသောနေရာတွင်အပွခံထားပါ။အပွခံထားစဉ်လေလုံရပါ့မယ်လေသလပ်မိပါကမုန့်သားခြောက်ပြီးလိုသလောက်မပွနိုင်ပါရာသီဥတုပေါ်မူတည်ပြီးအပွခံချိန်ကြာမြင့်နိုင်ချိန်မှာအပူဆုံးရာသီတွင်၄၅မိနစ်စောင့့်ရပြီးအေးလျှင်၃နာရီနှင့်အထက်ကြာတတ်သည်။ (၇)အပွအနေထားရခါနီးလျှင်ပေါင်းမည့်အိုးကိုရေအစဉ်သင့်တည်ထားပါ။ပွပြီဆိုသည်နှင့်တပြိုင်တည်းပေါင်းနိုင်ရန်အပွမလွန်စေရန်အပွလွန်မှပေါင်းပါကမုန့်သားကြမ်းခြင်းအပွပြန်ကျပြီးမုန့်ပြားချပ်သွားခြင်းဖြစ်နိုင်ပါတယ်။
(၈)အပွခံထားသောမုန့်လိုအပ်သောအပွအနေထားသို့ရောက်ပါကဆူပွက်နေသာရေပေါင်းခံအိုးသို့တင်ပြီးအဖုံးလုံလုံဖြင့်ဆယ်မိနစ်ခန့်ပေါင်းလျှင်မုန့်သားကျက်ပြီးပေါင်းမှချကာသုံးဆောင်နိုင်ပါပြီအပွခံထားသောပေါက်စီဘမ်းကိုပေါင်းအိုးပေါ်တင်စဉ်တိုက်မိပြုမိခြင်းမရှိအောင်ဂရုပြုပါတိုက်မိပါကအပွသေပြီးကျောက်ပေါက်ရာများပေါ်လာမည်။ပေါင်းသည့်မီးအရှိန်မှာအမြင့်ဆုံးဖြစ်ရမည်။ပေါင်းထားစဉ်တွင်ဆယ်မိနစ်မပြည့်မချင်းဖွင့်မကြည့်ရဖွင့်ကြည့်မိပါကမုန့်သားမကျက်နိုင်တော့ပါ။ပေါင်းသည့်အိုးရေနွေးငွေ့လုံသောအိုးဖြစ်ရမည်။မလုံသောအိုးဖြစ်ပါကရေငွေ့အားမပြင်းသဖြင့်မုန့်သားမကျက်နိုင်။ရေနွေးငွေ့မလုံသည့်နေရာကိုအဝတ်ရေစိုဖြင့်ပတ်ထားပေးပါ။

ပဲယိုပြုလုပ်နည်း

  • ပဲလွန်း - ၂၅ကျပ်သား
  • ထန်းလျက် ၂၅ကျပ်သား
  • ဆီ - ၁၅ ကျပ်သား
  • ဆား - အနည်းငယ်

(၁)ပဲလွန်းကိုရေတညစိမ်ပြီးဆော်ဒါလ္ဘက်ဇွန်းတစ်ဇွန်းထည့်ပြီးပြုတ်ပါ။
(၂)ပဲနူးပါကရေစစ်ထားပြီးကြိတ်စက်ဖြင့်ကြေအောင်ကြိတ်ပါ။
(၃)ထန်းလျက်ကိုရေအနည်းငယ်ဖြင့်ကျိုပြီးအမှိုက်များစစ်ထုတ်ပါပြီးလျှင်ညောင်စေးကျအောင်ပြန်ကျိုထားပါ။
(၄)ပဲယိုထိုးမည့်ဒယ်အိုးတွင်ဆီထည့်ပြီးထန်းလျက်ထည့်ကြော်ပါ။
(၅)မွှေးပြီးထန်းလျက်ပွလာပါကပဲကြိတ်ထားသည်ကိုထည့်ပါဆားအနည်းငယ်ထည့်ပြီးရေခမ်းဆီပြန်လာသည်ထိမွေပေးပါ။ပဲတွင်ရေကျန်ပါကထန်းလျက်တွင်ရေကျန်ပါကကျိုနေစဉ်တွင်အပူများစင်တတ်ပါတယ်။
(၆)အထားခံရန်ဆီပြန်ပြီးလုံးလာသည်ထိကျိုပေးပါ။ပြီးလျှင်အအေးခံထားကာလိုသလိုအသုံးပြုနိုင်ပါပြီ။

ကြက်သားအစာသွပ်ရန်အတွက်

  1. ကြက်သွန်နီအတုံးသေးသေးစိတ်ပြီးကြော်ပါ။
  2. ကြက်သားစင်းကောထည့်ပါ။
  3. ဆားဟင်းခတ်မှုန့်ရှောက်ကောထည့်ပါ
  4. ကျိုချိုက် ထည့်ပါ။ နှစ်သက်ပါကပဲပင်ပေါက်ထည့်ပါ။
  5. အရသာမြည်းကာဆယ်ယူဆီစစ်ထားပါ
  6. အစာသွပ်မည့်အချိန်တွင်ကြက်ဥအစိမ်းတလုံးထည့်ကာမွေပေးပါ။

No comments:

Post a Comment

@templatesyard