ရိုးရှင်းတဲ့ရှမ်းရိုးရာနည်းလေးနဲ့ပဲဝေမျှလိုက်ပါတယ်။
ပါ၀င်ပစ္စည်းများ
- ရှမ်းဆန်........................၄ဗူး (နို့ဆီဗူး )
- ခရမ်းချဉ်သီး(ကိုင်းသီး) ....၃၀ ကျပ်သား
- အာလူး....................... ၂၀ ကျပ်သား
- ရှမ်းပဲပုပ်ပြား...................၆ချပ်
- ဆား၊ ပာင်းခတ်မှုန့်..........သင့်ရုံ
တွဲဖက်စားရန်
- ကြက်သွန်ဖြူ ...........၁၀ တက်
- ထောင်းပြီးနနွင်းမှုန့်နှင့်ဆီသတ်ထားရန်။
- ငရုတ်သီးခြောက်တောင့်ကြော်
- ဂျူးမြစ် ၊ ဆလတ်ရွက်
- မြေပဲကြော်
- တို့ပာူးကြော်( သို့) တို့ဟူးခြောက်ကြော်
- ဟင်းချိုရည်တစ်မျိုး
- ပထမဆုံးထမင်းကို အနေတော်ဖြစ်အောင်
- ချက်ပြီးအအေးခံထားပါ။
- အားလူးကိုပြုတ်၊ အခွံခွာပြီးပါးပါး(သို့) ကြေ
- အောင်လှီးထားပါ။
- ခရမ်းချဉ်သီးကို နနွင်းမှုန့် အရောင်တင်ထည့်
- ပြီးရေပါသည်ဆိုရုံလောက်လေးနဲ့ပြုတ်ပြီးဆန်ခါတစ်ခုနှင့်အနှစ်တိုက်ယူထားပါ။
- ရှမ်းပဲပုတ်ပြားကို မီးအေးအေး(သို့)ပေါင်မုန့်ကင်တဲ့စက်မှာအနိမ့်ဆုံး အပူချိန်နဲ့မီးဖုတ်ပြီးမှုန့်နေအောင်ထောင်းထားပါ။
ဒါတွေအားလုံးအဆင်သင့်လည်းဖြစ်၊ တွဲဖက်စားသုံးမယ့်အရာတွေလည်း အဆင်သင့်ဖြစ်ပြီဆိုရင်တော့ထမင်းချဉ်နယ်လို့ရပါပြီ။ဇလုံကြီးကြီးတစ်ခုမှာ ပါ၀င်ပစ္စည်းအားလုံးကို ရောထည့်ပြီး ဆား၊ပာင်းခတ်မှုန့်အနည်းငယ်တို့နှင့်အရသာဖြည့်ပြီးနှံ့နေအောင်နယ်ပေးပါ။
ကလေးလက်သီးဆုပ် အရွယ်လေးများလုံးပြီးမသိမသာပြန်ဖိပေးပြီး ငှက်ပျောဖက်ခင်းထားတဲ့ပန်းကန်ထဲမှာထည့်ပြီးကြက်သွန်ဖြူ ဆီချက်လေးဆမ်းကာတွဲဖက်ပစ္စည်းများနှင့်အတူသုံးဆောင်လို့ရပါပြီ။ တကယ်တော့ရှမ်းထမင်း ချဉ်လို့ဆိုကြပေမယ့် အချဉ်လွန်ကဲနေတဲ့အရသာမျိုးတော့မဟုတ်လှပါဘူး။
မှတ်ချက်။ ငါးကြိုက်တတ်သူများ ငါးကြင်း(သို့)ငါးရံ့ကိုပြုတ်ပြီးအသားနွှင်ကာရောထည့်ပြီးနယ်နိူင်ပါတယ်။
No comments:
Post a Comment