အိမ်လုပ်ဆီချက်ခေါက်ဆွဲ


ပါဝင်ပစ္စည်း

  • ကြက်သား
  • ကြက်အရေခွံ
  • ကြက်သွန်ဖြူ
  • ကြက်သွန်မိတ်
  • ကြက်သားမှုန့်
  • ပဲငံပြာရည်အကြည်
  • ငရုတ်ကောင်းမှုန့်
  • ခေါက်ဆွဲအစို(သို့)ခေါက်ဆွဲအခြောက်
  • ဆီ

ပြုလုပ်နည်း

ကြက်အရေခွံကို ရေဆေးပြီး အရာသာနယ်ပါ ဒယ်အိုးတည်ပြီးကြက်အရေခွံတွေထည့်ပြီး လှိမ့်ပေးပါ၊ကြက်အရေခွံတွေကြွပ်လာတဲ့အထိ လှိမ့်ပေးပါသူ့ဘာသာ ကြက်အဆီတွေ ထွက်လာပါလိမ့်မယ်
ဆီပေါက်တတ်တာကိုတော့ သတိထားပါကြက်သားကို ရေဆေးပြီး ဆား၊အချိုမှုန့်၊ငံပြာရည်နဲ့နယ်ပြီး ကြက်သွန်ဖြူ၊ဂျင်းဓားပြားရိုက်ပြီး အသားနူးအောင်ပြုတ်ထားပါ၊ နူးရင်တော့ အသားလေးတွေ ထွင်ထားပါ
ကြက်သွန်ဖြူကို ထောင်းပါ ဆီအိုးတည် ဆီဆူရင် ထောင်းထားတဲ့ ကြက်သွန်ဖြူကို ထည့်ပါ၊မီးမကျွင်းအောင် သတိထားပါ ကြက်သွန်ဖြူဆီချက်ရပါပြီ။
ခေါက်ဆွဲအစိုကို သုံးမယ်ဆို ရေနွေးဆူတဲ့အထဲကို ခေါက်ဆွဲထည့်ပြီး ပြန်ဆယ်ပါခေါက်ဆွဲအခြောက် သုံးရင်တော့ ခေါက်ဆွဲကိုပြုတ်ပပြီး ရေဆေးလိုက်ပါ

ပြင်ဆင်နည်း

ခေါက်ဆွဲထည့်ပါ၊ကြက်သားမျှင်ထည့်ပါ၊ကြက်အခွံဆီ၊ကြက်သွန်ဖြူဆီချက်၊ကြက်သားမှူန့်၊ပဲငံပြာရည် အကြည်၊ ငရုတ်ကောင်းမှုန့်၊ကြက်သွန်မိတ်၊ကြက်သားမှုန့်၁ဇွန့်ထည့်ပြီး မွှေလိုက်ပါဒါဆို အရသာရှိတဲ့ အိမ်လုပ်ကြက်သားဆီချက်ခေါက်ဆွဲလေးရပါပြီနော်

ကြက်သားအပြင် ဝက်သား၊ဘဲသားတို့နဲ့လည်း ဒီနည်းအတိုင်းလုပ်စားလို့ရပါတယ် ကြက်အရေခွံကို ကြက်သားဆိုင်မှာ      ဝယ်လို့ရသလို၊ ကြက်သားဝယ်ရင် အရေခွံထားတွေဆုပ်ထားပြီးလည်း လုပ်လို့ရပါတယ်
တကယ်လို့ အရေခွံမရှိလည်း ကြက်သွန်ဖြူဆီချက်လေးနဲ့ပဲ စားလည်းကောင်းပါတယ်။

No comments:

Post a Comment

@templatesyard