ပူရှိန်းပူစပ်နှင့် လျှာလည်သွားစေမယ့် ငပိထောင်းမန်ကျဉ်းသီး နှင့် ပူစီနံ ငပိထောင်း
ပါ၀င်ပစ္စည်းများ
- ငရုတ်သီး စိမ်း ၁၀ ကျပ်သား (အစပ်မျိုး၊ အညာချွေထားပါ)
- စိမ်းစားငပိ ၂ ဇွန်း ခွဲ စားပွဲဇွန်း (ငပိ ကိုမီး ပူရုံလေးနှင့် ဖုတ်ပါ မွှေးလာသည်ထိပါ)
- ဆား တစ်၀က် ဇွန်း လက်ဖက်ဇွန်း
- သကြား ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း
- မန်းကျီးအဆန်ချောင် ၇ တောင့် (အခွံခွာပြီး အသားများပါးပါးလှီးထားပါ)
- ပုဇွန်ခြောက်မှုန့် ၂ ဇွန်း စားပွဲဇွန်း
- ပူစီနံ ၁ စီး (အရွက်ချွေထားပါ)
ပြုလုပ်နည်း
- စိမ်းစားငပိ ကို ဖုတ်ရာ မှာ မီးမျှင်မျှင်လေးနဲ့ ဖုတ် ပြီး မတူးပါစေနှင့်၊ အနံမွှေးယုံသက်သက်ပါ။
- ငရုတ်သီး ကို အရင်ညက်အောင်ထောင်းပေးပါ။ ပြီးလျှင် မန်းကျီးအသားဖတ်
များထည့်ပြီး အတူ ထောင်း ပေးပါ။ (ကြိတ်စက် နဲ့ ကြိတ် လျှင် ပိုမြန်ပြီး
ငရုတ်စေ့ တွေလည်း ညုက်လွယ်ပါတယ်)။
- ညက်လာ သော ငရုတ်သီး ထဲ
ကျန်ပစ္စည်းများ ထည့် ပြီး ထောင်းပါ။ ဆား အပေါ့အငန် မြည်းပြီး လျှင် လေလုံ
ဗူးထဲမှာ ထည့်ပြီး ကြာကြာ အထားခံအောင် ရေခဲသေတ္တာထဲမှာ ထားလို့ ရပါတယ်။
- စားသုံး ခါနီး မှ ရေခဲ သေတ္တာထဲ ကနေ မိနစ် ကြိုထုပ်ထားပါ။ စားမယ့်လောက်
ကို ပန်းကန် ထဲ ထည့်ပြီး ကြိုက်နှစ် သက်ရာ ရာသီပေါ် တို့စရာဖြင့်
စားသုံးနိုင်ပါသည်။
No comments:
Post a Comment