မာလာရှမ်းကောမာဆလာအခြောက်မှုန့်
- သစ်ဂျပိုး ၆လက်မအရွယ် ၁ပိုင်း
- ကရဝေးရွက် ၄ရွက်
- နာနတ်ပွင့် ၃ပွင့်
- ဇာတိတ်ဖိုလျဆံ ၁ခု
- လေးညင်း ၄ပွင့်
- ရှားကောလုံး ၂လုံး (အထုံမကြိုက်လျော့ထည့်ပါ)
- စီချွမ် ငြုပ်ကောင်း 1tbsp
- ဇီယာ 1tbsp
- စမုန္စပါး 1tbsp
- ငြုပ်သီးခြောက်အတောင့် အတောင့်၂၀ခန့်
- ဖာလာ ၆ခု
- ငြုပ်အစိမ်းမှုန့် 1tbsp
အနှစ်အစိုအတွက်ပါဝင်ပစ္စည်း
- ကြက်သွန်ဖြူ ဗမာဥ ၆ဥ
- ဂျင်း ၂လက်မပတ်လည် ၁တက်
- ပန်းငြုပ်ပွ အနီ ၂လုံး (အနီမရရင် ငြုပ်ပွခြောက်ကိုရေစိမ်ပီးကြိတ်ပါ)
- မိုးမျှော်ငြုပ်သီးအနီ ၅ကျပ်သား
- ပဲငပိ အငန် 1tbsp
- ပဲငပိ အချဉ် 1tbsp
- ဆား (အရသာအတွက်)
- ပဲငံပြာရည် အကြည် (အရသာအတွက်)
- သကြား(အရသာအတွက်)
မှတ်ချက်။ ။အချိုမှုန့်အသားမှုန့် လုံးဝသုံးစရာမလိုပါ။
ပထမဆုံး ဒယ်ထဲဆီထည့်ပါ ပူလာရင် အခြောက် ပါဝင်ပစ္စည်းများကိုကြော်ပါ ၂မိနစ်ပျော့ပျော့လောက်ကြော်ပီးရင်ဆယ်ထုတ်ပါ ဆုံထဲထည့်ထောင်းပါ (အမှုန့်ခြောက်တွေဘဲရှိတယ်ဆိုရင် ဒီအဆင့်ကိုကျော်လိုက်ပါ အစိုတွေဆီသတ်ပီးမှ အခြောက်မှုန့်ထည့်ပါ)အစို 1-4 ထိကို ကြိတ်ပါ မကြိတ်ချင်ရင်ထောင်းပါ
ချက်နည်း
စောစောက ဆီဒယ်အိုးကို ပြန်အပူပေးမယ် ဆီထပ်ထည့်မယ် (၂၅သားခန့်)
ဆီပူရင်1-4 ကြိတ်ထားတာကို ထည့်ဆီသတ်မယ် ကြက်သွန်နွမ်းရင် အခြောက်ကြော်ပီးထောင်းထားတာကိုထည့်မယ် မွှေမယ် ပဲငပိ ၂မျိုးထည့်မယ် မွှေနေပေးမယ်
ပဲငံပြာရည် သကြား ဆားကိုချိန်ညှိထည့်မယ် ဆီနီတွေထွက်လာရင် ဖိုပေါ်ကချ အအေးခံပီး ပုလင်းထဲထည့် ရေခဲသေတ္တာ အအေးခန်းထဲ ထည့်သိမ်းပါ ၄လခံပါတယ်။
No comments:
Post a Comment