ဆီပြန်ဟင်း၊ အရွက်ကြော်၊ ငပိရည်၊ တို့စရာတွေကစားလို့ကောင်းပေမယ့်လည်း တခါတလေအရည်ဟင်း လေးတွေအတွက်တော့ ငပိထောင်းနဲ့မှ ပိုစားလို့ကောင်းသွားတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာ ပုစွန်ငပိ ထောင်းလေးပြင်ဆင်ပုံအဆင့်ဆင့်လေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
- ပုဇွန်ကျား – ၆ ကောင် (အရွယ်တော်)
- ငပိစိမ်းစား – ၂ ဇွန်း (ဟင်းစားဇွန်း)
- ငရုတ်သီးစိမ်း – ၁၅ တောင့် (အစပ်စားနိင်သလောက်)
- ကြက်သွန်ဖြူသေး – ၁ လုံး
- ဆီ – ၄ ဇွန်း (ဟင်းစားဇွန်း)
- သံပုရာသီး – ၁ လုံး
ပြင်ဆင်ပြုလုပ်နည်း
- ပုဇွန် ၊ ငရုပ်သီး ၊ ကြက်သွန်ဖြူ လှော်ထားပါ။
- ငါးပိကို မီးကင် (သို့မဟုတ်) ရေနွေးငွေ့ ဖြင့် အနံ့မွှေးလာအောင် ကင် (သို့မဟုတ်) ပေါင်း ထားပါ။
- ဆုံထဲမှာ ငရုတ်သီးလေးတွေ အရင် ထောင်းပါ။
- ညက်လျင် ပုဇွန်များ ထည့်ထောင်း ပါ။
- ကြက်သွန်ဖြူများ ထည့်ထောင်း ပြီး ပန်းကန်ထဲ ဆယ်ယူပြီး. ဆီများ ရွှဲရွှဲလောင်း ပြီး စိမ်ထားပါ ။
စား ခါနီး မှာသံပုရာ ၊ မန်ကျည်းနှစ်များ ဆမ်းပေး ပါ ။
No comments:
Post a Comment