ငှက်ပျောသီးပေါင်း ပြုလုပ်နည်းလေးပါ။ငှက်ပျောသီးအမှည့်ကိုပဲ သုံးပြီး လုပ်လေ့ရှိပါတယ်။ ငှက်ပျောသီးက မမှည့်ရင် လုပ်စားလို့မကောင်းပါဘူး။ ဒါကြောင့် ငှက်ပျောသီးမှည့်ကိုသာ သုံးပါ။
ပါဝင်ပစ္စည်းများ
- ရခိုင်ငှက်ပျောသီး - ၁ ဖီး (မှည့်ပြီးသား)
- အုန်းသီး - ၁ လုံး (အရည်ညှစ်ထားပါ)
- အုန်းနို့ခရင်မ် - ၂ဝဝ မီလီလီတာ
- သကြား - ၂ဝဝ ဂရမ်
- ဆား - လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
- သစ်ကြံပိုးခေါက် - ၂ ခု
- Pandan အရည် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (optional)
ပြုလုပ်နည်း
- ဦးစွာ ဒယ်အိုးထဲ အုန်းနို့ခရင်မ်နှင့် အုန်းနို့ရည်ကိုထည့်ပြီး ဆူအောင် တည်ထားပါ။
- ဆူလာလျှင် သကြား၊ သစ်ကြံပိုးခေါက်၊ ဆားနှင့် Pandan အရည်တို့ကို ထည့်ပြီး ရောမွှေပါ။
- ပြီးလျှင် ရခိုင်ငှက်ပျောသီးများကို ထည့်ပြီး အရည်နည်းနည်းကျန်သည်အထိ တည်ပါ။
- အရည်နည်းနည်းကျန်လျှင် မီးပိတ်လိုက်ပါ။
- အရသာထူးခြားကောင်းမွန်တဲ့ ငှက်ပျောသီးပေါင်းကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment