`` ပေါင်းအိုးနဲ့ချက်တဲ့ ဒန်ပေါက် ´´
လိုအပ်ပစ္စည်း
- ဒန်ပေါက်ဆန်
- နို့စိမ်း
- ထောပတ်(အပူပေးထားပါ)
- ပဲစိမ်း
- စပျစ်စေ့ခြောက်
- သီဟိုစေ့
- သကြား
- ဆား
- ကြက်သားမှုန့်
- ဆီ
- ကြက်သွန်ကြော်
- ဒန်ပေါက်အရောင်ဆေးရည်
- ဒန်ပေါက်မဆလာ (ဖာလာစေ့.နာနတ်ပွင့်.သစ်ဂျပိုးခေါက်..ကရဝေးရွက်.)
ချက်နည်း
- ဒန်ပေါက်ဆန်ကို ရေဆေးပီး နာရီဝက်ခန့်ရေစိမ်ထားပါ
- ရေနွေးအိုးကို အိုးကြီးကြီးနဲ့ကိုယ်ချက်မယ့်အချိုးအစားပေါ်မူတည်ပီး ရေများများနဲ့ဆူအောင်တည်ပါ..
- (ရေထဲကို သစ်ဂျပိုးခေါက် ဖာလာ နာနတ် ကရဝေး အနည်းငယ်နဲ့ဆါးနည်းနည်းထည့်ပြုတ်ပေးပါ)
- ရေဆူလာရင် စိမ်ထားတဲ့ဆန်ကိုထည့်ပီး မွှေပေးပါ
- ဆန်ကရှည်ထွက်လာပီး မာတင်းတင်းလေးဆိုရင် ရေစစ်ပီး ပေါင်းမယ့်အိုးထဲကိုထည့်ပါ..
- ပြီးရင်ထောပတ်အပူပေးထားတာကိုလောင်းထည့်ပါ နို့စိမ်းသီဟိုစေ့ စပျစ်သီး ပဲစိမ်းတွေကိုထည့်ပါ
- ဆား သကြား ကြက်သားမှုန့်ကိုလည်း ချက်တဲ့ဆန်ပေါ်မူတည်ပီးထည့်ပေးပါ.. အပေါ်ကနေ ဒန်ပေါက် အရောင် ကို ကွက်ကြားလောင်းထည့်ပေးပါ.အရောင်ထည့်ပီးရင် ကြက်သွန်ကြော်နဲ့ဒန်ပေါက်မဆလာ ကိုအပေါ်ဆုံးကနေ တင်ပီး ဆီအနည်းငယ်လောင်းထည့်လိုက်ပါ... မီးခလုတ်နှိပ်ပြီး ၄၅မိနစ်ဆို ကျက်ပါပြီ။
- ကြက်သား ကိုတော့ ညကတည်းက ဒိန်ချဉ်ရယ်မဆလာရယ်အချိုအငံနဲ့နယ်ပီးရေခဲသေတ္တာထဲနှပ်ပါ
- မနက်ကျရင် ကြက်သွန်ဖြူနီဆီသတ်ပီး အရောင်မှုန့်ထည့်ပီး ကြက်သားချက်ပါ ကြက်သားကျက်ပီဆိုရင် ကြက်သွန်ကြော်တွေကိုများများထည့်ပီး မဆလာထည့်လိုက်ရင် ရှယ်ကြက်သားဟင်းနဲ့ဒန်ပေါက်ရပါပီ
No comments:
Post a Comment