လက်ဖက်ရည်အမြန်နှပ်ပြီးဖျော်နည်း(အလွန်ဆုံးကြာ ၁၅ မိနစ်)
အရင်တခါ
လက်ဖက်ရည်နှပ်နည်းကတော့ ဆိုင်တွေလိုမျိုးလက်ဖက်ခြောက်လေးကိုတနေကုန်နည်းပါးလေး နှပ်ပြီးမှဖျော်တဲ့နည်းပါ။ အခုတခါကတော့
အချိန်မရတဲ့သူတွေအတွက် ဖျော်တဲ့နည်းလေးပါ။အခုနည်းမှာတော့
လက်ဖက်ခြောက်ပိုကုန်ပါတယ်။ ဖျော်နည်းကတော့ သိပ်မကွာပါဘူး။
လက်ဖက်ခြောက်များများရှိနေရင် ဒီနည်းလေးနဲ့ဖျော်ရင် အချိန်ကုန်သက်သာပါတယ်။
လက်ဖက်အချိုခြောက်ကိုတော့ ဦးကာကကထုတ်တဲ့ လက်ဖက်အချိုခြောက်ကိုသုံးထားပါတယ်။
အထုပ်၂ မျိုးလာပါတယ်။ တမျိုးကတော့ ဦးကာက တံဆိပ်နဲ့ပါ။နောက်တမျိုးကတော့
စိန် တံဆိပ်နဲ့ပါ။ ဧည့်သည်လာခါနီး
မြန်မြန်လဲဖျော်လို့ရတဲ့နည်းလေးမို့လုပ်ကြည့်စို့။
ပါဝင်ပစ္စည်းများ (၃ ခွက်စာ)
- ဦးကာကာ (စိန်) လက်ဖက်အချိုခြောက် - ထမင်းစားဇွန်း ၂ ဇွန်း
- ရေ - ၁ လီတာ
- နို့စိမ်း - ထမင်းစားဇွန်း ၄ ဇွန်း
- နို့ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
- ဆား - အနည်းငယ်
ပြုလုပ်နည်း
- ဦးကာက (စိန်) လက်ဖက်အချိုခြောက်ကိုဆား၊ ရေ တလီတာဖြင့် မီးဖိုပေါ်မှာ မီးပြင်းပြင်းဖြင့်တည်ပါ။ ပွက်လာလျှင် နောက်ထပ် ၅ မိနစ်ခန့်ဆက်တည်ပါ။ ထို့နောက် မီးဖိုပေါ်မှချပြီးရေစစ်ဖြင့်စစ်ပါ။
- အဖန်ရည်ထဲကို နို့စိမ်း၊ နို့ဆီတို့ထည့်ရ်ျ သမအောင်မွှေပြီး သောက်သုံးနိုင်ပါပြီ။
No comments:
Post a Comment