ဟင်းရဲ့မန်ကျည်းရွက်အနှစ်လေးနဲ့၀က်သားကိုလုံးချက်ချက်တာမို့ချက်နည်းကလဲလွယ်ကူပါတယ်။ ချက်စားကြည့်ရအောင်။
ပါ၀င်သောပစ္စည်းများ
- ၀က်သား - ၂၅ ကျပ်သား (သို့) ၁ ပေါင်
- မန်ကျည်းရွက် - ၅ ကျပ်သား (ပြည်ပမှာနေလျှင် ဖန်ပုလင်းနဲ့လာတဲ့မန်ကျည်းရွက်ကို အသုံးပြုနိုင်ပါတယ်။)
- မြန်မာငံပြာရည် (သို့) ယိုးဒယားငံပြာရည်- ထမင်းစားဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်း
- ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
- သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
- အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း တဝက်
- ငရုတ်သီးမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်နီ - ၁ လုံး
- ခရမ်းချဉ်သီး - ၁ လုံး
- ဂျင်း - အနည်းငယ်
- ကြက်သွန်ဖြူ - ၃ မွှာ
(ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ချက်ပြုတ်နည်း
- ၀က်သားကို ကြိုက်နှစ်သက်ရာအရွယ်တုံးရ်ျ သန့်စင်ထားပါ။ ကြက်သွန်နီနှင့်ခရမ်းချဉ်သီးကိုပါးပါး လှီးထားပါ။ ကြက်သွန်ဖြူ နှင့် ဂျင်းကို ညက်နေအောင်ထောင်းပါ။ မန်ကျည်းရွက်များကိုလဲ သန့်စင် ထားပါ။
- ချက်မည့်အိုးထဲကို ၀က်သား၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ခ၇မ်းချဉ်သီး၊ ထောင်းထားသော ကြက်သွန်ဖြူ နှင့်ဂျင်းထည့်၊ အရောင်တင်မှုန့်၊ ဆနွင်း၊ မြန်မာငံပြာရည် (သို့) ယိုးဒယားငံပြာရည်၊ သကြား (သို့) အချိုမှုန့်၊ ငရုတ်သီးမှုန့်၊ ဆီ တို့ကိုထည့်ရ်ျ နယ်ပါ။
- ထို့နောက် မီးဖိုပေါ်တင်ရ်ျ လုံးပါ။ ရေကို ၀က်သားမြုပ်အောင်ထည့်ပြီး ၀က်သား နူးခါနီးအထိတည်ပါ။
- အသားနူးခါနီးတွင် သန့်စင်ထားသော မန်ကျည်းရွက်များကိုထည့်ပါ။ မန်ကျည်းရွက်များ နွမ်းလျှင် အပေါ့အငံမြည်းရ်ျ မီးဖိုပေါ်မှချပါ။
- ချဉ်ချဉ်စပ်စပ်နှင့် ထမင်းအလွန်မြိန်စေတဲ့ ၀က်သားမန်ကျည်းရွက်စပ်ချက်ကိုသုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment