ဝက်သားချဉ်စပ်မြေအိုးဟင်း


ပါဝင်ပစ္စည်းများ

  •  ဝက်သား – 200 g (အသား (သို့) ၃ ထပ်သား)
  •  ခရမ်းချဉ်သီး – ၁ လုံး
  • ပန်းငရုတ်ပွစိမ်း – ၁ လုံး
  • စပါးလင် – ၁ ချောင်း
  •  ကြက်သွန်နီ – ၁ လုံး
  •  ကြက်သွန်ဖြူ – ၅ တက်ခန့်
  • ငရုတ်သီး (နီ၊ စိမ်း)
  • ငရုတ်ချဉ် – စားပွဲဇွန်း ၂ ဇွန်း
  •  ခရုဆီ – စားပွဲဇွန်း ၁ ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  •  ကော်မှုန့် – စားပွဲဇွန်း ၂ ဇွန်း
  •  ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချက်ပြုတ်နည်း

  1. ပထမဦးဆုံး ဝက်သားကို ပါးပါးလှီးပြီး ကော်မှုန့်၊ ကြက် သားမှုန့်နဲ့၊ ငရုတ်ကောင်း နှင့် သင့်တင့်သလို နယ်ထားပါ။
  2. ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ကြက်သွန်နီ ကိုတော့ လေးစိတ်၊ ခရမ်းချဉ်သီးကို ရှစ်စိတ်၊ ပန်းငရုတ် ပွကို ရှစ်စိတ်စိတ်ထားပါ။
  3. ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူနှင့် စပါးလင်ကို ဆီသတ်ပါ။
  4. အနံ့များ မွှေးလာပြီဆိုရင်တော့ ဝက်သားကို ထည့်ပြီး ဆီသတ်ပါ။ ဝက်သား အပေါ်ယံကျောများ လုံးသွားပြီ၊ တင်းသွားပြီဆိုရင်တော့ ငရုတ်သီးနီနှင့် စိမ်းကို ပါးပါးလှီးထည့်ပါ။ ကြက်သွန်နီ၊ ခရမ်းချဉ်သီးနဲ့ ပန်းငရုတ်ပွစိမ်း ထည့်ပါ။
  5. အရသာများဖြစ်တဲ့ ငရုတ်ချဉ်၊ ခရုဆီ၊ သကြား၊ ငရုတ်ကောင်းထည့်ပြီး မွှေပါ။ လိုအပ်ပါက ရေအနည်းငယ် ထည့်ပေးပါ။
  6. အရသာမှာ ချဉ်စပ်ချို အရသာရပြီဆိုရင်တော့ မြေအိုးထဲထည့်ပြီး အပူပေးပါ။
  7. မြေအိုးပူလာပြီး ဟင်းများပွက်ပွက်ဆူပြီး အငွေ့ထွက်လာပြီဆိုရင်တော့ ငရုတ်ကောင်း၊ တရုတ်နံနံများ ဖြူးကာ သုံးဆောင်နိုင်ပါပြီ။


ဒီဟင်းလျာမှာ သတိထားရမှာကတော့ အရသာထည့်တဲ့အချိန်ပဲဖြစ်ပါတယ်။ ငရုတ်ချဉ်များသွားမယ်၊ ခရုဆီ များသွားမယ်ဆိုရင်တော့ ငန်သွားမှာပဲဖြစ်ပါတယ်။ ဟင်းအနှစ်အနေနဲ့ကလည်း ကော်ရည် ပျစ်ပျစ်ကြိုက် တယ်ဆိုရင် ပြောင်းလဲသုံးဆောင်နိုင်ပါတယ်ခင်ဗျာ။


 

No comments:

Post a Comment

@templatesyard