ပါဝင်ပစ္စည်းများ (၈ လုံးစာ)
- အုန်းနို့ – 1/4 cup (60 ml)
- ဆီ – ထမင်းစားဇွန်း ၁ ဇွန်း
- ရေပူ – ထမင်းစားဇွန်း ၂ ဇွန်း
- ဂျုံမှုန့် (plain flour, all purpose flour) – 1 cup (250 ml)
- ကောက်ညှင်း ငချိတ်မှုန့် (black glutinous rice flour) – 1/2 cup (125 ml)
- သကြား – ထမင်းစားဇွန်း ၃ ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း ၆ ပုံ ၁ ပုံခန့်
- dry yeast – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- အုန်းယို – ထမင်းစားဇွန်း ၈ ဇွန်းခန့်
ပြုလုပ်နည်း
- အုန်းနို့ နှင့် ဆီကို ခပ်နွေးနွေးအနေအထားရအောင် ရေပူဖြင့် ဖျော်ထားပါ။
- ဂျုံမှုန့်၊ ငချိတ်မှုန့်၊ သကြား၊ ဆား နှင့် dry yeast တို့ကို ဇလုံထဲထည့်ပြီး နှံ့သွားအောင်ရောနှောထားပါ။
- အမှုန့်အရောအနှောထဲ ဖျော်ထားသည့် ခပ်နွေးနွေး အုန်းနို့အရည် လောင်းထည့်၍ ဇွန်းဖြင့် ၁၀ ချက်ခန့် မွှေရောပေး ပါ။
- ပြီးနောက် dough သားနူးညံ့အောင် kneading (ဖိနယ်ဆုပ်နယ်ခြင်း၊ လက်ဖနောင့်ဖြင့်ဖိခြင်းများ) ၁၀ မိနစ်ခန့် လုပ်ပေးပါ။
- dough သားနူးညံ့သွားလျှင် လုံးလုံးလေးဖြစ်အောင်လုပ်၍ ဆီအနည်းငယ်သုတ်ပြီး ပန်းကန် (သို့) glad wrap ဖြင့် ဖုံးကာ ပွလာအောင် နွေးသောနေရာတွင် ၁ နာရီခန့် ထားပါ။
- (နွေးသောနေရာထားခြင်းဆိုသည်မှာ dough ထည့်ထားသည့်ဇလုံကို ရေနွေးထည့်ထား (ရေပူမဟုတ်)သော နောက်ထပ် ဇလုံကြီးကြီးထဲ ထည့်ထားခြင်း (သို့) အငွေ့မထွက်လွယ်သော microwave ထဲ ရေပူထည့်ထားသော ခွက်နှင့် အတူတွဲထည့်၍ တံခါးပိတ်ထားခြင်းများကို ဆိုလိုပါတယ်။)
- ပွလာပြီးနောက် ၁ မိနစ်ခန့် ပြန်ဖိနယ်ကာ ပေါက်စီ ၈ လုံးစာအတွက် ၈ ပိုင်းခွဲ၍…
- အလုံးလေးများဖြစ်အောင် လုံးပေးပါ။ ညီညာသောမျက်နှာပြင်ရစေရန် ဦးစွာ လက်ဖြင့် ၁၀ ချက်ခန့် ဖိဆုပ်နယ်ပြီးမှ လုံးပေးပါ။
- rolling pan (သို့) ပုလင်းဖြင့် အချင်း ၃ လက်မခွဲခန့် အဝိုင်းပြားလေးရအောင်လုပ်ပါ။(သို့) လက်ဖြင့် ဖိပြားပေးပါ။
- ပြားပြီးလျှင် လုံးထားသော အုန်းယို (ထမင်းစားဇွန်း ၁ ဇွန်းခန့်) ထည့်၍ လုံအောင်ဖုံးကာ ပြန်လုံးပါ။
- ပေါင်းအိုးထဲရှိ paper towel (သို့) baking liner ပေါ် ပြောင်းပြန်မှောက်ပြီး ထားပါ။ (ပေါင်းလိုက်လျှင်ပွလာမည်ဖြစ်၍ တစ်လုံး နှင့် တစ်လုံး ကပ်ပြီးမထည့်ရပါ။။)
- ပြီးနောက် အဖုံးဖုံးကာ အနည်းငယ်ပွလာအောင် မိနစ် ၃၀ ခန့် ထပ်ထားပြီးလျှင်…
- ပွက်ပွက်ဆူနေသော ရေပူအိုးပေါ်တင်၍ over medium heat ဖြင့် ၁၅ မိနစ်ခန့် ပေါင်းပေးပါ။ (ပေါက်စီများပေါ် အငွေ့ပြန်သည့် အရည်များ မကျအောင် အဖုံးကို သန့်ပြန့်သော လက်သုတ်ပဝါဖြင့် ပတ်ထားပေးပါ။)
ငချိပ် ပေါက်စီပူပူလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
No comments:
Post a Comment