အလှုပွဲတွေလုပ်တဲ့အခါဝက်သားဟင်းကမပါမဖြစ်ပါ အလှုတွေမှာမိုးဗြဲဒယ်ကြီးတွေနဲ့နှပ်ချက်တဲ့ပုံစံလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
- ၀က်သုံးထပ်သား - ၄၀ကျပ်သား
- ကြက်သွန်နီ - ၅လုံး
- ချင်းသေးသေး - ၁တက်
- ကြက်သွန်ဖြူ - ၅မွှာ
- သကြား - ၁ဇွန်း
- ပာင်းခတ်မှုန့် - ၁/၄ဇွန်း
- ပဲငံပြာရည်အပျစ်( ကြာညို့) - ၁ ဇွန်း
- ပဲငံပြာရည်အကြည် - ၂ဇွန်း
- ပာင်းချက်အရက် - ၁ဇွန်း
- ဆား - သင့်တော်သလို
- ဆီ - ၄ ဇွန်းခန့်
ဇွန်း=စားပွဲတင်ဇွန်း
- ပထမဆုံး၀က်သားတွေကိုရေဆေးသန့်စင်ပြီး၁လက်မခွဲအရွယ်လောက်တုံးပါ။
- ဝက်သားတုံးတွေကိုဇလုံတစ်ခုထဲထည့်ပြီးပာင်းချက်အရက်၊ ဆား၊ဟင်းခတ်မှုန့်အနည်းငယ်တို့ထည့်ကာ လက်ဖြင့် ဆုပ်နယ်ပြီး(၁၅)မိနစ်ခန့်နှပ်ထားပေးပါ။
- ချင်း၊ကြက်သွန်ဖြူ ကိုညှက်နေအောင်ရောထောင်းပါ။ကြက်သွန်နီကိုပါးပါးလှီးထားပါ။
- အသားနှပ်(၁၅)မိနစ်ခန့်ကြာလျှင် ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီး၀က်သားများကို ရွှေညိုရောင်လေးရသည်အထိကြော်ပေးပါ။
- ပထမဆုံးဆီပူထဲကိုထည့်ကြော်ခြင်းဟာဝက်သားတုံးများကြေမွခြင်းကိုကာကွယ်သလိုအရောင်လှပခြင်း၊အမြန်နူးအိခြင်းတို့ကိုလဲအထောက်အကူဖြစ်စေပါတယ်။
- နနွင်းမှုန့်လေးအနည်းငယ်ပါသည်ဆိုရုံထည့်ပေးပါ။
- ၀က်သားတွေရွှေညိုရောင်လေးရပြီဆိုချင်း၊ကြက်သွန်ဖြူထောင်းအရောကိုထည့်ပြီးမွှေးလာသည်အထိ (၃) မိနစ်ခန့်ဆက်မွှေပေးပါ။
- ပါးပါးလှီးထားတဲ့ကြက်သွန်နီတွေထည့်ပါ။
- သကြား၊ ဆား ၊ ပဲငံပြာရည်အကြည်၊ပဲငံပြာရည်အပျစ်တိုထပ်ပေါင်းပြီးကြက်သွန်နီများလုံး၀ နွမ်းသွားသည်အထိ (၁၀) မိနစ်ခန့်လုံးချက်ပေးပါ။
- ရေကိုဒယ်အိုးပတ်ပတ်လည်အနည်းငယ်ဝိုက်ထည့်ကါအဖုံးပိတ်ပြီးချက်ပါ။
- တစ်ရေခမ်းသွားလျှင်မီးကိုလျှော့ချပါ။
- အနှစ်ကျပြီး၀က်သားများနှူးအိသည် အထိရေကိုလိုအပ်သလောက်သာအကြိမ်ကြိမ်ထည့်ကာဆက်ပြီး အဖုံးပိတ်ချက်ပေးပါ။(မှတ်ချက်။ ဆီကြောင့်၊အငွေ့ကြောင့်သာဝက်သားများနှုးအိပါစေ)
- နောက်ဆုံးတစ်ရေခမ်းကာနီးမှာအရောင်တင်မှုန့်(လက်ဖက်ရည်ဇွန်း) ၁ဇွန်းခန့်ထည့်ပြီးအရောင်ရယူပါ။
- ၀က်သားနီချက်ကအနှစ်အားလုံးခမ်းခြောက်ပြီး၀က်သားမှာကပ်နေရပါမယ်။ရေလုံး၀မကျန်ဖို့ဂရုပြုပါ။
No comments:
Post a Comment