အုန်းနို့ပူတင်း (ဟာဝိုင်ရီ အချိုပွဲ) (၄ ယောက်စာ)
ဟာဝိုင်ရီ
အချိုပွဲလေးက နာမည်ကြီးဆိုင်တွေ ရောင်းကောင်းတဲ့အချိုပွဲလေးပါ။
ပူတင်းလိုမျိုး ဆင်ပေမယ့် သူက အဖြူရောင်ချည်းပါပဲအုံးနို့နှင့်နွားနို့ပေါင်းလုပ်ထားတာမို့အုံးနို့အရမ်းလဲမများပဲစားကောင်းတဲ့ အချိုပွဲလေးပါ။
ဧည့်သည်လာလို့အချိုပွဲ အစမ်းလေးကြွေးချင်ရင်ပဲဖြစ်ဖြစ် ကိုယ်တိုင်အိမ်မှာ
စားချင်ရင်ပဲ ဖြစ်ဖြစ် စားလို့ကောင်းပါတယ်။ လုပ်ရတာလဲ လွယ်ကူပါတယ်။
ပါ၀င်သောပစ္စည်းများ
- ၄၀၀ ml ပါ အုံးနို့ဗူး - ၂ ဗူး
- နွားနို့ - ၁ ခွက်ခွဲ
- သကြား - ခွက်လေးပုံ ၃ ပုံ (သို့) ထမင်းစားဇွန်း ၁၂ ဇွန်း
- ဆား - အနည်းငယ်
- ပြောင်းဖူးမှုန့်(corn starch) - ခွက် တ ၀က် (ပြောင်းဖူးမှုန့်မရှိလျှင်ကော်မှုန့်နဲ့လုပ်လို့လဲ၇ပါတယ်။ပြောင်းဖူးမှုန့်နဲ့ကတော့ ပိုနူးညံ့ပါတယ်။)
ပြုလုပ်နည်း
- ကျိုမည့် အိုးထဲမှာ ပါ၀င်သောပစ္စည်းတွေ အကုန်ထည့်ပြီး ပြောင်းဖူးမှုန့်များအရည်ပျော်သည်အထိ ဖျော်ပါ။
- မီးဖို ကိုmedium heat မှာထားပြီး အိုးကိုတည်ပါ။
- မီးဖိုပေါ်တည်ထားတုံးမှာ မွှေပေးပါ။ ၁၀ မိနစ် လောက်မွှေပြီးလျှင် ပစ်ပြီး ပွက်လာပါလိမ့်မည်။ ကော် လိုမျိုး ပစ်လာလျှင် မီးဖိုပေါ်မှ ချပြီး ခဲမည့် ပူတင်းခွက် ထဲထည့်ပြီး အအေးခံပါ။ (မြန်မြန်ခဲချင်ရင် ရေခဲသေတ္တာထဲထည့်ခဲပါ။ )
- ခဲလျှင် အတုံးလေးတွေ တုံးပြီး သုံးဆောင်နိုင်ပါပြီ။
(၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
No comments:
Post a Comment