ကြက်ကောက်ညှင်း အစာသွပ်

ပါဝင်သောပစ္စည်းများ

  • ကြက်၁ကောင် – ၈၀၀ ဂရမ်
  • ကောက်ညှင်းဆန် – ၂လုံး (ရေဖြင့်ဆေးပေးပါ)
  • မှိုပွင့်ခြောက် – ၈ခု (ရေဖြင့် ပြုတ်ပြီ ရေပြန်စစ်ကာ တဝက်ကို ပါးပါးလှီးထားပါ)
  • နှစ်တရာပဲ - ၅ကျပ်သား (အခွံနွှာထားပေးပါ)
  • ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၄ဇွန်း
  • မုန်လာဥနီ – ၁ခု (အတုံးသေးများ တုံးထားပါ)
  • ကြက်အသဲအမြစ် – ၃စုံ (အတုံးသေးများတုံးပါ) (ဒယ်ထဲ ဆီအနည်းငယ်ဖြင့် ကြက်အသဲအမြစ်ကို ကြောပြီ ပြန်ဆယ်ထားပါ)
  • ပဲငံပြာရည် အနောက်
  • ကြက်သွန်နီ – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်း)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်း)
  • ဂျင်း – စားပွဲတင်ဇွန်း တဝက် (နှုတ်နှုတ်စဉ်း)
  • ခရုဆီ

ချက်ပြုတ်နည်း

၁။ ကြက်တစ်ကောင်လုံး အတွင်း၊အပြင်ကို ပဲငံပြာရည်အနောက် (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၃ ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၃ဇွန်း) ဖြင့်နုယ်ပေးပါ။ ပြီးလျှင် တညသိပ်(သို့) အနည်းဆုံး ၂နာရီခန့် နုပ်ထားပေးပါ။

၂။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီး နုပ်ထားသော ကြက်တစ်ကောင်လုံးကို အညှိရောင်သန်းသာသည်အထိ ကြော်ပေးပါ။

၃။ ပြီးလျှင် ခွက်ကြီးထဲ ကြက်တစ်ကောင်လုံးထည့် ပေါင်းအိုးဖြင့် မိနစ် ၃၀ခန့်ပေါင်းပေးပါ။

၄။ ကြက်တစ်ကောင်လုံးပေါင်းပြီးလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း၂ဇွန်း) ထည့်ပါ။

၅။ ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့်မွှေပေးပါ။

၆။ ကြက်အသဲအမြစ်၊ ပုဇွန်ခြောက်, နှစ်တရာပဲ၊ မှိုထည့်ပါ။

၇။ ထို့နောက် ကောက်ညှင်း ထည့်ပြီး ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ၊ ပဲငံပြာရည်အနောက် (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့် မွှေပေးပါ။

၈။ ပေါင်းထားသော ကြက်သားမှရသော အရည်များကို ဒယ်ထဲထည့်ပေးပါ။

၉။ လိုအပ်ပါက ကောင်းညှင်းဆန် မြှပ်သည်အထိ ရေအနည်းငယ်ထည့်ပေးပါ။

၁၀။ ပြီးလျှင် အဖုံးအုပ်ထားပြီး မီးအနည်းငယ်ဖြင့် ရေခန်းသည်အထိတည်ထားပေးပါ။

၁၁။ ရေအနည်းငယ်ခန်းသွားလျှင် အဖုံးဖွင့်ပြီး မကပ်အောင် မွှေပေးပါ။

၁၂။ ကောက်ညှင်းရလျှင် တချို့ကောက်ညှင်းများကို ကြက်ကောင်လုံးထဲ အစာသွပ်ပေးပါ။ ကျန်သော ကောက်ညှင်းများကို စတီခွက် ထဲထည့်ပေးပါ။

၁၃။ ပြီးလျှင် ကြက်ကောင်လုံး နှင့် စတီခွက်ထဲများ ကောက်ညှင်းများကို ပေါင်းအိုးထဲ ထည့်ပြီး ၄၅မိနစ်ခန့်ပေါင်းပေးပါ။

၁၄။ ထို့နောက် ကြက်သားများကို ဓားဖြင့် အနည်းငယ်လှီးပြီ ဇောက်ပန်းကန်တစ်ခုထဲ ကြက်သား၊ မှိုထည့်၊ အစာသွပ်ထားသော ကောက်ညှင်းထည့်ပြီ ဇွန်းဖြင့် အနည်းငယ် သိပ်ပေးပါ။

၁၅။ ပြီမှ ဇောက်ပန်းကန်လုံကို ပန်းကန်ပေါ်သို့ မှောက်ချလိုက်ပြီ အရသာရှိစွာ ကြက်ကောက်ညှင်း အစာသွပ်ကို သုံးဆောင်လို့ရပါပြီ…




No comments:

Post a Comment

@templatesyard