ဝက်စတူးမုန့်ညှင်း

ပါဝင်ပစ္စည်းများ

  • ဝက်သား၃ထပ်သား – ၄၀ကျပ်သား
  • ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပျားရည် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • နတ်နတ်ပွင့် – ၂ခု
  • မှိုခြောက်ပွင့်အမဲ – ၇ခု (အတုံးလေးများ တုံးပေးပါ) (ရေနွေးဖြင့် ပြုတ်ပေးပါ)
  • ကော်မှုန့်
  • မုန်ညှင်း – ၂စည်း (ရေနွေးဖြင့် ဖျော်ပေးပါ)

ချက်ပြုတ်နည်း

၁။ ဝက်သုံးထပ်သား များကို အတုံးကြီးကြီး တုံးပါ။ ဝက်သားကို ဆူးဖြင့်ထိုးပေးပါ။

၂။ ပြီးလျှင် ဝက်သုံးထပ်သားအားလုံးကို ( ဆားလက်ဖက် ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပျားရည်၊ ရှာလကာရည်၊ နတ်နတ်ပွင့် ) ထည့်ရောနုယ်ပေးပြီး ၃နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။

၃။ မချက်ခင် ရေခဲသေတ္တာထဲမှ နာရီဝက်ခန့် ကြိုထုတ် ထားပါ။

၄။ ပြီးမှ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့် နုယ်ထားသော ဝက်သုံးထပ်သားကို ထည့်မွှေပေးပါ။

၄။ ဆီပြန်လျှင် ရေကို ဝက်သုံးထပ်သားမြုပ်သည်အထိထည့် မီးပြင်းပြင်းဖြင့်တည်ထားပေးပါ။ ရေခန်းပြီး ဆီပြန်လာလျှင် မှိုခြောက်ပွင့်အမဲများ ထည့်မွှေပေးပါ။ ၃ကြိမ်ခန့် ရေထပ်ထည့်ပြီး တည်ပေးပါ။

၅။ ဝက်သုံးထပ်သားနူးအိလာပြီး ဆီပြန်လာပြီးဆိုလျှင် ဆော့ရည်အနည်းငယ်ချန်၍ မီးပိတ်လိုက်ပါ။

၆။ ဝက်သုံးထပ်သားကို ပါးပါးလှီးပြီး ပန်းကန်ပြားကြီးကြီးပေါ်တွင် စီထည့်လိုက်ပါ။ ပြီးလျှင် မှိုခြောက်များကို အပေါ်မှ စီထည့်ပါ။

၇။ ပြီးလျှင် ဆော့ရည်ကို ပြွက်ပြွက်ဆူအောင်တည်ပြီး ကော်ရည်၁ဇွန်းကို ရေဖြင့်ဖျော်၍ ဒယ်ထဲထည့်ပေးပြီး မွှေပေးပါ။

၈။ ဝက်သုံးထပ်သားထည့်ထားသော ပန်းကန်ပြားထဲသို့ မှိုခြောက်တုံးများထည့်လိုက်ပါ။

၉။ဆော့ရည်များကို လောင်းချလိုက်ပါ။ပြီးလျှင် မုန့်ညှင်းများကို ပန်းကန်ဘေးတွင် စီထားလိုက်ပါ။


စားချင်စဖွယ်ကောင်းပြီး အရသာရှိသော ဝက်စတူး နှင့် မုန့်ညှင်းကို ရရှိပါပြီ။


No comments:

Post a Comment

@templatesyard