မာလာဟော့ပေါ့စပ်စပ်လေး

မာလာဟော့ပေါ့ လုပ်စားမယ်ဆို Ready made အထုပ်တွေလဲ ရှိတယ် ။ ဝယ်လို့ ရရင်တော့ Ready made အထုပ်သုံးပေါ့ ။ ဒါမှမဟုတ် အားလုံး ကိုယ်တိုင် လုပ်မယ်ဆိုလဲ ရပါတယ် ။

ပါ၀င်ပစ္စည်းများ

  •     ပဲကြာဇံအ
  •     သားတု
  •     ကျောက်ပွင့်
  •     ကြွက်နားရွက်မှို
  •     ကြက်သွန်ဖြူ
  •     ကြက်သွန်နီ
  •     ဂျင်း
  •     ငရုတ်သီးမှုန့်
  •     ကက်သား (သို့) ဝက်သား (သို့) အမဲသား
  •     ပဲငပိအရည်
  •     ဆား
  •     ဟင်းခတ်မှုန့်
  •     နှမ်းမွှေးဆီဆော့
  •     ပုဇွန်
  •     ကြက်အူချောင်း
  •     ငဖယ်လုံး
  •     ပြောင်းဖူး
  •     ဟင်းသီးဟင်းရွက်
  •     စားချင်တဲ့ပင်လယ်စာပါထည့်
  •     ကွကျဥ
  •     ပန်းဂေါ်ဖီ
  •     မုံညှင်း

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဦးဆုံး ထည့်စားမည့် အစာပလာတွေ (ပဲကြာဇံ၊ အသားတု၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှိုတို့)ကို နာရီဝက် တစ်နာရီလောက် ရေစိမ်ထားပါ ။
  2. ပြီးရင်ကြက်သွန်ဖြူ /နီ ၊ ဂျင်းနည်းနည်းနဲ့ ငရုတ်သီးမှုန့်နှင့်ဆီသတ်ပါ ။ ကိုယ်စားချင်တဲ့ ကြက်သား ဝက်သား အမဲသား တစ်မျိုးမျိုးကိုပြုပ် အရိုးပါထည့်ရင်ဟင်းရည်ပိုချိုပါတယ် ။
  3. ပြီးတော့ ဟင်းရည်ထဲကို ပဲငပိအရည်ဖျော်ထည့် မွှေးပြီးတော့ အရသာလေးလေးပင်ပင်ဖြစ်အောင် ပြီးရင် ဆား ၊ ဟင်းခတ်မှုန့်တို့ပါ အနေတော်ထည့် Sesame လို့ခေါ်တဲ့ နှမ်းမွှေးဆီဆော့ပါထည့်ရင် ပိုမွှေးပါတယ် ။
  4. အဲလို ဟင်းရည်တည်ထားတုန်းမှာ ကိုယ်ထည့်ပြုပ်စားချင်တဲ့ အသား ၊ ပုဇွန် ၊ ကြက်အူချောင်း ၊ ငဖယ်လုံးနှင့် ပြောင်းဖူးတို့ ဟင်းသီး ဟင်းရွက်တွေကို အဆင်သင့်ပြင်ဆင်ထားပါ ။
  5. ဟင်းရည်က ပွက်ပွက်ဆူလာပြီ ဟင်းအနှစ်တွေလဲ အနယ်ထိုင်လာပြီဆိုရင်တော့ ပထမဦးဆုံး ရေစိမ်ထားတဲ့ (ပဲကြာဇံ၊ အသားတု၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှိုတို့နဲ့စားချင်တဲ့အသားတို့ ပုဇွန်တို့)ကို ဟင်းရည်အိုးထ ဲထည့်ပြုတ်လို့ရပါပြီ ။
  6. ပြီးရင် အကျက်နည်းနည်းကြာတဲ့ မှိုတို့ ပြောင်းဖူးတို့ အသားလုံး ကြက်အူချောင်းတို့ပါ ထည့်ပြုတ်ပြီး မီးကိုအေးအေးထားပြီး နောက်ဆုံး စားခါနီးမှ ကြက်ဥဖောက်ထည့် ပန်းဂေါ်ဖီတို့ မုံညှင်းတို့ နာက်ဆုံးမှထည့်လိုက်ပါ။

ပြီးရင်တော့ အရသာရှိလှတဲ့ မာလာဟော့ပေါ့စားလို့ရပါပြီ။

No comments:

Post a Comment

@templatesyard