ရှမ်းခေါက်ဆွဲ (၅ယောက်စာ)
မနက်စာ၊ နေ့လည်စာအဖြစ် အစားများတဲ့ ရှမ်းခေါက်ဆွဲက လုပ်ရတာလည်း လွယ်ပြီ စားကောင်းသည်မို့ တူတူ ချက်ကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
- ကြက်သား (သို့) ဝက်သား – ၁၅ကျပ်သား (နှုတ်နှုတ်ဆင်းပါ)
- ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်းပါ)
- ဂျင်း – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ (နှုတ်နှုတ်ဆင်းပါ)
- ခရမ်းချဉ်သီး – ၄လုံး (ပါးပါးလှီးပါ)
- ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
- ပဲငပိ – စားပွဲတင်ဇွန်း ၂ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
- ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
- မြေပဲလှော် – စားပွဲတင်ဇွန်း ၄ဇွန်း (မညက်တညက်ထောင်းပါ)
- ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
- ရှမ်းခေါက်ဆွဲခေါက် – ၁ထုပ်
ချက်ပြုတ်နည်း
- အရင်ဆုံး ရှမ်းခေါက်ဆွဲခေါက်များကို နာရီဝက်ခန့် ရေစိမ်ထားပေးပါ။
- ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၇ဇွန်း) ခန့်ထည့်ပြီး ဆီပူလျှင် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ဆီသပ်ပါ။
- ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)ကို ထည့်မွှေပေးပါ။
- ခရမ်းချဉ်သီး များကိုထည့်ပြီး ရေ(လက်ဖက်ရည်လုံး ၁လုံး) ခန့်ထည့်ရောမွှေလိုက်ပါ။
- အနှစ်ရလျှင် ကြက်သား(သို့) ဝက်သားကို ထည့်ပြီး ပဲငပိနှင့် ပဲငံပြာရည်တို့ထည့်လိုက်ပါ။
- ဝက်သားနူးအိရန်အတွက် ရေကို (လက်ဖက်ရည်လုံး ၂လုံး)ထည့်ပြီး ဆီပြန်လာသည်အထိ အဖုံးအုပ်ထားပေးပါ။
- ဆီပြန်လာလျှင် အသားခရမ်းခဉ်သီး အနှစ်ကို အရသာ အပေါ့အငံ့ကို ကြည့်ပြီး မီးပိတ်လိုက်ပါ။
- ပြီးလျှင် ရေစိမ်ထားသော ရှမ်းခေါက်ဆွဲခေါက်များကို အိုးထဲထည့်၍ ရေနွေးဖြင့် ၂မိနစ် ခန့်ပြုတ်ပေးပါ။
- ရှမ်းခေါက်ဆွဲများ နူးအိလာလျှင် ဇကာဖြင့် ပြန်စစ်ထားပေးပါ။
ရှမ်းခေါက်ဆွဲစားရန် ပြင်ဆင်နည်း
ရှမ်းခေါက်ဆွဲဖတ်များကို ဇောက်ပန်းကန်- ၅ပန်းကန် ထဲသို့ ထည့်သို့ အညီအမျှ ခွဲထည့်လိုက်ပါ။အပေါ်မှ အသားခရမ်းခဉ်သီး အနှစ်၊ မြေပဲထောင်း၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်အကြည်(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ရောမွှေလိုက်ပါ။ဆီတို့ဟူး၊ ဝက်ခေါက်တို့ဖြင့် တွဲဖက်သုံးစွဲ နိုင်ပါသည်။
No comments:
Post a Comment