ရှောက်သီးသုပ်

ရှောက်သီးသုပ်

ပါဝင်စ္စည်းများ

  •         ရှောက်သီး – ၂လုံး (အခွံနွာ၊ အစေ့ထုတ်ပြီ ရှောက်သီး နွှာယူပါ)
  •         မြေပဲ – စားပွဲတင်ဇွန်း ၄ဇွန်း (မညက်တညက်ထောင်းထားပါ)
  •         ကြက်သွန်နီ – ၆လုံး (ပါးပါးလှီးပါ)
  •         ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၂ဇွန်း (ညက်အောင် ထောင်းထားပါ)
  •         ငပိ – စားပွဲတင်ဇွန်း ၂ဇွန်း
  •         ငရုတ်သီးစိမ်း – ၈တောင့် (ပါးပါးလှီးပါ)
  •         ဆား – စားပွဲတင်ဇွန်း တဝက်
  •         သကြား – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
  •         နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)

ပြုလုပ်နည်း

    အရင်ဆုံး ဇလုံထဲတွင် (ရှောက်သီး၊ ကြက်သွန်နီ၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့်၊ ငပိ၊ ငရုတ်သီးစိမ်း၊ ဆား၊ သကြား) တို့ကို ထည့်လိုက်ပါ။သမအောင် လက်ဖြင့် ခပ်ဖွဖွ ရောနုယ်ပြီ  အပေါ်မှ နံနံပင်အုပ်ကာ ကြာဇံချက်ပူပူလေး နှင့် တွဲဖက်သုံးဆောင်လို့ရပါပြီ…


”ဟင်းတွဲစားချင်သူများအတွက် ချဉ်စပ် ငါးကောင်လုံးကြော်၊ ကြာဇံချက် နှင့် ရှောက်သီးသုပ်ကို တွဲဖက်သုံးဆောင်နိုင်ပါသည်။


No comments:

Post a Comment

@templatesyard