၀က်သားပုံးရည်ကြီးချက်

၀က်သားပုံးရည်ကြီးချက်

မြန်မာ အရသာစစ်စစ် ဝက်သား ပုံးရည်ကြီးချက်လေးပါ။ ဝက်သားကို အရင်ဆုံး ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့် တို့ဖြင့် နှပ်ထားပြီမှ ချက်ထားတာမို့ နူအိပြီ စားလို့ကောင်းပါတယ်။ ပုံးရည်ကြီး ကြိုက်သူတွေ ထမင်းမြိန်မှာ သေချာပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  •         ဝက်သား ၃ထပ်သား – ၄၀၀ ဂရမ်
  •         ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပါ)
  •         ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  •         ဂျင်း – လက်ဖက်ရည်ဇွန်း တဝက် (နှုတ်နှုတ်စဉ်းပါ)
  •         ငရုတ်သီးစိမ်း – ၂ထောင့် (ထက်ခြမ်းခြမ်းထားပါ)
  •         ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၂ဇွန်း
  •         ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  •         ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
  •         သကြား – စားပွဲတင်ဇွန်း တဝက်
  •         ပုံးရည်ကြီး – ၁ထုပ်

ချက်ပြုတ်နည်း

  1.     ဝက်သားကို (ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည်၊ သကြား) တို့ဖြင့် သမအောင် ရောနုယ်ပြီ ရေခဲသေတ္တာ အောက်ထပ်တွင် ၂နာရီခန့် နုပ်ထားပေးပါ။
  2.     အိုးတစ်အိုးထဲတွင် ရေကို ဝက်သုံးထပ်သားမြုပ် သည်အထိထည့် မီးပြင်းပြင်း ဖြင့်တည်ထားပေးပါ။ ဝက်သား နူသည်အထိ ၃ကြိမ်ခန့် ရေထပ်ထည့်ပြီး တည်ပေးပါ။
  3.     ဝက်သုံးထပ်သားနူးအိလာပြီး ရေခန်း လာပြီဆိုလျှင် ဝက်သားကိုအနေတော် အတုံးလေးများ တုံးပေးပါ။
  4.     ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်သီးစိမ်း တို့ကို ဆီသပ်ပေးပါ။
  5.     ဝက်သားများ၊ ပုံးရည်ကြီး၊ ရေ(ခွက်တဝက်)တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။
  6.     အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) တို့ကို ထည့်ပါ။
    ဆီပြန်လျှင် အပါ်မှ ရှောက်ရွက်လေးအုပ်ပြီ အရသာရှိသော ဝက်သား ပုံးရည်ကြီးချက်ကို ထမင်းနဲ့ သုံးဆောင်လို့ ရပါပြီ…

 

No comments:

Post a Comment

@templatesyard