ငါးရှဉ့်ကြော်
ငါးရှဉ့်ကြော်လေးပါ။ လုပ်ရလည်း အရမ်းလွယ်ပါတယ်။ ဒါကြောင့် ချက်နည်းလေးကိုကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
- ငါးရှဉ့်( အသားလွှာပြီသား)– ၃၅၀ ဂရမ်
- ဂျုံမှုန့် – ဆန်ချိန်ခွက် ၃ခွက်စာ
- ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
- ငရုတ်သီးမှုန့် (အနီ) – စားပွဲတင်ဇွန်း ၂ဇွန်း (အစပ်ကြိုက်သူများ ၄ဇွန်းထိ ထည့်နိုင်သည်)
- ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပြီ ဆီနဲ့ကြော်ပေးထားပါ)
ချက်ပြုတ်နည်း
- အရင်ဆုံး အသားလွှာပြီသား ငါးရှဉ့်များကို ရေဆေးသန့်စင်ပြီ ရေခြောက်အောင် ထားထားပေးပါ။
- ငါးရှဉ့် ၃စင်တာမီတာ အရွယ်လေးများ လှီပေးပြီ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ရောမွှေထားပါ။
- ဂျုံ၊ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ကို ဇလုံတစ်ခုထဲတွင် ရောမွှေလိုက်ပါ။
- ထိုဇလုံထဲသို့ ငါးရှဉ့်များ ထည့်ပြီ ဂျုံကပ်လိုက်ပါ။
- ဒယ်ထဲ ဆီများများထည့်၍ ဆီပူလာလျှင် ငါးရှဉ့်များကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
- ထိုနည်းအတိုင်း ကျန် ငါးရှဉ့်များကို ဆက်လက်ကြော်ပေးပါ။
- အပေါ်က ကြက်သွန်နီကြော်လေးများ ဖြူပေးပပြီ ငါးရှဉ့်ကြော်ကို သုံးဆောင်နိုင်ပါပြီ…
No comments:
Post a Comment