ကြက်တောင်ပံအစာသွပ် နှင့် ဂျင်းဆော့

 ကြက်တောင်ပံအစာသွပ် နှင့် ဂျင်းဆော့

တရုတ်စတိုင် ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့ ဟင်းပါ။  အရသာကတော့ ကောင်းလား မမေးနဲ့ ချက်ကြည့်လိုက်ပါ၊ ကြိုက်သွားမှာ သေချာပါတယ်နော်…

ကြက်တောင်ပံ အစာသွပ် ပါဝင်သောပစ္စည်းများ

  •         ကြက်တောင်ပံ – ၁၀ခု
  •         ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  •         ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  •         မုန်လာဥနီ – ၂လုံး (နှုတ်နှုတ်စဉ်းပါ)
  •         ဘိုစားပဲ – ၇ခု (နှုတ်နှုတ်စဉ်းပါ)
  •         ဂျင်း – စားပွဲတင်ဇွန်း တဝက် (နှုတ်နှုတ်စဉ်းပါ)
  •         ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၁ဇွန်း
  •         ခရုဆီ
  •         ကြက်ဥ – ၁လုံး (ခလောက်ပါ)
  •         ကြက်သား – ၂တုံး (နှုတ်နှုတ်စဉ်းပါ)

ကြက်တောင်ပံ အရိုးထုတ်ပုံ

  • အရင်ဆုံး ကြက်တောင်ပံ အရိုးရင်း ပတ်ပတ်လည်ရှိ အကြောများကို ဓားဖြင့် ဖြတ်လိုက်ပါ။
  • ဓားဖြင့် အသာလေး အောက်သို့ တွန်းသွားလိုက်ပါ။
  • လက်ဖြင့် ကြက်တောင်ပံ အသားကို အောက်သို့ ဆွဲချလို့ ရတဲ့ အလယ်လောက်ရောက်ရင် လက်ဖြင့် အသာလေး ဆွဲချလိုက်ပါ။ အသားနဲ့ အရိုးသတ်သတ်စီ ဖြစ်သွားမည်။
  •  အရိုးကို လက်ဖြင့် အသာလေး ချိုးလိုက်ပါ။
  •  အရိုးထုတ်ပြီးသား ကြက်တောင်ပံများကို ရရှိပါပြီ။

ကြက်တောင်ပံအစာသွပ်ချက်ပြုတ်နည်း

  1. ကြက်တောင်ပံများကို  (ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ပဲငံပြာရည်အနောက်၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ခရုဆီဲ(စားပွဲတင်ဇွန်း ၁ဇွန်း) ) ထည့်ရောနုယ်ပေးပါ။
  2. အစာသွပ်ရန်အတွက် နှုတ်နှုတ်စဉ်းထားသော (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ မုန်လာဥနီ၊ ပြောင်းဖူသေး၊ ကြက်သား (စားပွဲတင်ဇွန်း ၆ဇွန်း))၊ ဂျုံ (စားပွဲတင်ဇွန်း တဝက်)၊ ကြက်ဥ (တဝက် ခလောက်)၊ နှမ်းဆီ (၃စက်)၊ ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) အားလုံးကို သမအောင် ရောနုယ်ပေးပြီ ပန်းကန်လုံး တစ်ခုထဲ ထည့်ထားပေးပါ။
  3. ထို့နောက် ကြက်တောင်ပံများ အတွင်းသို့ အစာသွပ်ရန် ရောနုယ်ထားသော ဟင်းသီးဟင်းရွက်များဖြင့် အစာသွပ်ပေးပါ။
  4. အစာသွပ်ပြီးသော ကြက်တောင်ပံများကို ပေါင်းအိုးထဲထည့်၍ ၁၀မိနစ်ခန့်ပေါင်းပေးပါ။
  5. ပေါင်းပြီးလျှင် ကြက်တောင်ပံ များကို ဂျုံကပ်လိုက်ပါ။
  6. ဒယ်ထဲ (သို့) ဆီကြော်အိုးထဲ ဆီများများထည့်၍ ကြက်တောင်ပံများ အညှိရောင်သန်းလာသည်အထိ နှစ်ကြော်ပေးပါ။
  7. ကြက်တောင်ပံ အစာသွပ် ရပြီးဆိုလျှင် ဂျင်းဆော့ကို စတင် ချက်ပြုတ်ရပါမည်။

ဂျင်းဆော့ချက်ပြုတ်နည်း

  1. ဂျင်း(စားပွဲတင်ဇွန်း ၁ဇွန်း) ကို ပါးပါးလှီးပြီ ကြက်သွန်ဖြူ(၂မွှာ) ကို နှုတ်နှုတ်ဆင်းပါ။
  2. ဒယ်အိုးထဲသို့ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူ၊ ဂျင်းများကို ဆီသပ်ပါ။
  3. ရေ(သို့) ကြက်ပြုတ်ရည် (လက်ဖက်ရည်ပန်းကန်လုံး ၁လုံး) စာထည့်လိုက်ပါ။
  4. အရသာအပေါ့ အငံ့အတွက် ဒယ်ထဲသို့ ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ပဲငံပြာရည်(စားပွဲတင်ဇွန်း တဝက်)၊ သကြား(စားပွဲတင်ဇွန်း တဝက်)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်လိုက်ပါ။
  5. ကြက်သွန်မြိတ် ဖြူးပေးပြီ ကော်မှုန့်(စားပွဲတင်ဇွန်း တဝက်)ကို ရေဖြင့် ဖျော်ပြီး လောင်းထည့်လိုက်ပါ။
  6. ရလာသော ဂျင်းဆော့ရည်များကို ကြက်တောင်ပံအစားသွပ် ပန်းကန်ပေါ်သို့ လောင်းချလိုက်ပါ။
ထမင်းပူပူလေးနဲ့ ဟိုတယ်စတိုင် ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့ကို တွဲဖက် စားသုံးနိုင်ပါပြီ။

No comments:

Post a Comment

@templatesyard