အင်ဥနှင့်ကြက်သားဟင်းလျာ
ကြက်သားနဲ့အင်ဥ ရောချက်ထားတာပါ။ အင်ဥဆိုတာ မှိုတစ်မျိုးပါ။ အင်ဥကို ဈေးက ဝယ်ပြီရင် ရွှံ့သဲတွေစင်အောင် တော်တော်တော့ သန့်စင်ဖို့လိုပါတယ်။ ဒါပေမယ့် အင်ဥနဲ့ကြက်သားဟင်းက အရမ်းစားကောင်းပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင်သား – ၃၀၀ ဂရမ် (အတုံးလတ်များ တုံးပေးပါ)
- အင်ဥ – ၂၀၀ ဂရမ် (သေချာ သန့်စင်အောင် ဆေးကြောပေးပါ)
- ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
- ငရုတ်သီး(အရောင်တင်မှုန့်) – စားပွဲတင်ဇွန်း တဝက်
- ငရုတ်သီးစိမ်း – ၄တောင့် (ထပ်ခြမ်းခြမ်းထားပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပါ)
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
- နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
- အရင်ဆုံး သန့်စင်ထားသော အင်ဥများကို ထပ်ပိုင်းပိုင်းပေးပါ။
- ဒယ်အိုးထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းများကို ၁မိနစ်ခန့် ဆီသပ်ပေးပါ။
- ငရုတ်သီးမှုန့်၊ ခရမ်းချဉ်သီးထည့်ပြီ ၁မိနစ်ခန့် ထပ်မွှေပေးပါ။
- ထို့နောက် ကြက်သား၊ အင်ဥ၊ ရေ(၂ခွက်)၊ ဆား၊ ကြက်သားမှုန့် တို့ကို ထည့်ပြီ အဖုံးအုပ်ပြီ ဆီပြန်သည်အထိ တည်ထားပါ။
- ဆီပြန်လျှင် အရသာအပေ့ါအငံ့မြည်းပြီ အနေတော်လျှင် အပေါ်မှ နံနံပင်များ အုပ်ပေးပြီ မီးပိတ်လိုက်ပါ။
အရသာရှိသော အင်ဥ နှင့် ကြက်သားဟင်းလျာကို သုံးဆောင်လို့ရပါပြီ…
____________________________________________________________________________________
ဂေါ်ဖီသုပ်
သုပ်ပြီးပြီးခြင်း မစားသေးပဲ၊ ၁၅မိနစ်လောက် အရသာစိမ့်ဝင်စေပြီးမှ စားလျှင် ပိုမိုကောင်းမွန်ပါတယ်။ပါဝင်ပစ္စည်းများ
· ဂေါ်ဖီ – ၁စိတ် (ပါးပါးလှီးပြီ ရေစိမ်ထားပါ)· မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်းစာ (မညက်တညက်ထောင်းထားပါ)
· ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၁ဇွန်း (ခပ်ညက်ညက်ထောင်းပါ)
· ငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
· ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
· မုန့်ညှင်းစေ့ – စားပွဲတင်ဇွန်း တဝက်
· ကြက်သွန်ဖြူဆီချက် – စားပွဲတင်ဇွန်း ၂ဇွန်း
သုပ်နည်း
ဂေါ်ဖီကို ရေစင်အောင် စစ်ပြီမှ ဇလုံထဲတွင် (ဂေါ်ဖီ၊ မြေပဲ၊ ပုဇွန်ခြောက်၊ ငံပြာရည်၊ ဆား၊ မုန့်ညှင်းစေ့၊ ကြက်သွန်ဖြူဆီချက်) တို့ကို ထည့်လိုက်ပါ။သမအောင် ရောနုယ်ပေးပါ။ထို့နောက် ပန်းကန်ပေါ်တွင် ဂေါ်ဖီသုပ်၊ နံနံပင်တို့ဖြင့် အလှဆင်ကာ သုံးဆောင်နိုင်ပါပြီ…
No comments:
Post a Comment