မုန့်လက်ဆောင်း

မုန့်လက်ဆောင်း

 အထူးစပရှယ်ကတော့ မုန့်လက်ဆောင်း အေးအေးလေးပါပဲ။ ပူပြင်းတဲ့ ရာသီမှာ ရင်အေးချမ်းအောင် မုန့်လက်ဆောင်လေး မြည်းသွားကြပါအုန်းနော်။ မုန့်လက်ဆောင်ကို ထန်းလျက်ရည်နဲ့ လုပ်သလို အုန်းနို့ရည်နဲ့လည်း တွဲစားကြပါတယ်။

ထန်းလျက်မုန့်လက်ဆောင်းပါဝင်ပစ္စည်းများ

  •     မုန့်လက်ဆောင်းဖက် – ၁ပြည်
  •     ထန်းညက် – ၄၀၀ ဂရမ်
  •     ဆား – လက်ဖက်ရည်ဇွန်း တဝက်

အုန်းနို့ မုန့်လက်ဆောင်း ပါဝင်ပစ္စည်းများ

  •     အုန်းသီး – ၁လုံး (အရည်ညှစ်ထားပြီသား)
  •     သကြား – ၂၀ကျပ်သား
  •     ဆား – လက်ဖက်ရည်ဇွန်း တဝက်

ပြုလုပ်နည်း

  1.  လုပ်ပြီးသား မုန့်လက်ဆောင်းဖတ် များကို ဒယ်အိုး အကြီးတစ်ခုထည့်ပြီး ရေစိမ်ထားပေးပါ။
  2. အရင်ဆုံး အုန်းနို့ မုန့်လက်ဆောင်းအတွက် ဒယ်ထဲသို့ အုန်းနို့ရည်များ ထည့်ကာ သကြား(၂၀ကျပ်သား) ထည့်ပြီ သကြားများ အရည်ပျော်အောင် အပူအနည်းငယ်ပေးလိုက်ပါ။
  3. ဆားအနည်းငယ်ထည့်ပြီ အုန်းနို့ရည်များကို ပြန်အအေးခံထားပေးပါ။
  4. အအေးခံပြီမှ ခွက်တစ်ခုထဲ မုန့်လက်ဆောင်း တဝက်ခန့်ထည့်ကာ အုန်းနို့ရည်ထည့်ပေးပါ။

 
 
5. မုန့်လက်ဆောင်း ပိုစိမ့်သွားအောင် နို့စိမ်း စားပွဲတင်ဇွန်းခန့် ထည့်လိုက်သေးတယ်။
6. ရေခဲတုံးအနည်းငယ်ထည့်ပြီ အုန်းနို့ မုန့်လက်ဆောင်းလေးကို သုံးဆောင်နိုင်ပါပြီ။
7.ထန်းလျက်ရည်နဲ့ မုန့်လက်ဆောင်းမှ ကြိုက်သူများအတွက်တော့ ထန်းလျက်များကို ဒယ်ထဲ ရေ အနည်းငယ်ထည့်ပြီး မီးပြင်းပြင်းဖြင့် ကျိုထားပေးပြီး မပျစ်မကျဲ အနေထားရောက်လျှင် ဆားအနည်းငယ်ထည့်ပြီး ထန်းညက်ရည် ခွက်တစ်ခုထဲ ပြန်ထည့်ထားကာ အအေးခံထားပေးပါ။
8.ခွက်ထဲ မုန့်လက်ဆောင်ဖက် တဝက်ထည့်ပြီ ထန်းလျက်ရည်များကိုထည့်ကာ ရေခဲတုံးလေးများ                     ထည့်ပေးပါ။


မုန့်လက်ဆောင်းအေးအေးလေးတွေကို သုံးဆောင်နိုင်ပါပြီ။


 



No comments:

Post a Comment

@templatesyard