ရခိုင်ရေငံငါးဟင်း

Rakhine Fish Dish

 

ရခိုင်စတိုင် ဆီနည်းနည်း ရေကျန် ချက်ထားတဲ့ ရခိုင် ရေငံ့ ငါးဟင်းချက်ပါ။ ပဒယ်ဂေါ၊ ဂျင်းနိုင်နိုင်နဲ့ ချဉ်ငံ့ငံ့စပ်စပ် အရသာကို ရရှိမှာပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ငါးနုပ်ထားရန် ပါဝင်ပစ္စည်းများ

  •         ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  •         ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  •         ပဒယ်ဂေါ – လက်တဆစ် (ပါးပါးလှီးပါ)
  •         ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)
  •         သံပရာသီး – တခြမ်း (အရည်ညှစ်ထားပါ)
  •         ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  •         ဆနွင်း – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ

 ချက်ရန် ပါဝင်ပစ္စည်းများ

  •         ငါးပါးနီ – ၁ကောင် (၄၅၀ ဂရမ်) (ဓားဖြင့် အနည်းငယ် မွှန်းထားပါ)
  •         ကြက်သွန်နီ – ၃လုံး (အဝိုင်းပါးပါးလှီးပါ)
  •         ငရုတ်သီးပွစိမ်း – ၂ခု (အတုံးသေးများ တုံးပါ)
  •         ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် အတုံးသေးများတုံးပါ)
  •         ငရုတ်သီးစိမ်း – ၄တောင့် (ထပ်ခြမ်းခြမ်းပါ) (optional)
  •         ဆား – လက်ဖက်ရည်ဇွန်း တဝက်
  •         ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
  •         နံနံပင် – စည်းဝက် (ပါးပါးလှီးပါ)
  •         ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

ချက်ပြုတ်နည်း

  1. အရင်ဆုံး ငါးပါးနီကို နုပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ပဒယ်ဂေါ၊ သံပရာရည်၊ ဆား၊ ဆနွင်း) တို့ကို ကြိတ်စက်ဖြင့် ရောကြိတ်ပြီ ငါးဖြင့် သမအောင် ရောနုယ်ပြီ မိနစ်၂၀ခန့် နုပ်ထားပါ။
  2.  ပြီးနောက် ဒယ်ထဲ ဆီထည့် ဆီပူလျှင် ကြက်သွန်နီများ နွမ်းသည်အထိ ဆီသပ်ပေးပါ။
  3.  ငရုတ်သီးစိမ်း၊ ငရုတ်သီးပွစိမ်း ထည့်ပြီ ၂မိနစ်ခန့် ရောချက်ပေးပါ။
  4.  နုပ်ထားသော ငါး၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ရေ တစ်ခွက်ထည့်ကာ အဖုံးအုပ်ပြီ ၅မိနစ်ခန့် တည်ထားပါ။
  5. ငါးကျက်ပြီး ရေနည်းနည်းကျန်လျှင် အပေါ့အငံ့အတွက် ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပေးပါ။
  6. အပေါ်မှ နံနံပင် အနည်းငယ်အုပ်ပြီ မီးပိတ်လိုက်ပါ။
    အရသာရှိသော ရခိုင် ငါးဟင်းကို သုံးဆောင်နိုင်ပါပြီ…

 

No comments:

Post a Comment

@templatesyard