ဘေဂျင်း (Beijing) ထမင်းကြော်

ဘေဂျင်း (Beijing) ထမင်းကြော်

Beijing ထမင်းကြော်လေးပါ။ မနက်စာ စားရန် ထမင်းကြော် အသစ်အဆန်းလေးပါ။ လုပ်ရတာလည်း လွယ်ပြီး စားလို့လည်း အရသာကောင်းပါတယ်။ နှမ်းဆီနံ့လေးမွှေးပြီး အရသာက သာမန် ထမင်းကြော်တွေနဲ့ မတူပဲ ထူးခြားမူလေးတွေ ရှိပါတယ်။

ပါဝင်သောပစ္စည်းများ

  •     ချက်ပြီးသား ထမင်း – ၄၀၀ဂရမ်
  •     ကြက်ဥ – ၃လုံး ( ဆား(လက်ဖက်ရည်ဇွန်း တဝက်) ထည့်ပြီ ခလောက်ပေးပါ)
  •     မြေပဲဆီ ( groundnut oil) – စားပွဲတင်ဇွန်း ၂ဇွန်း
  •     ကြက်ရင်ပုံသား  – ၂၀ ကျပ်သား (အတုံးသေးများ လှီးပါ)
  •     ခရမ်းချဉ်သီး (tomato) – ၂လုံး (အစေ့ထုတ်ပြီ ၈စိပ်စိပ်ပါ)
  •     မုန်လာဥနီ (carrot) – ၁ဥ (အတုံးသေးလေးများ တုံးလိုက်ပါ)
  •     ဗိုလ်စားပဲ (French Bean) – ရခု (အတုံးသေးလေးများ တုံးလိုက်ပါ)
  •     ပဲငံပြာရည် အကြည် (Light soy sauce) – စားပွဲတင်ဇွန်း ၃ဇွန်း
  •     နှမ်းဆီ (sesame oil) – စားပွဲတင်ဇွန်း ၁ဇွန်း
  •     ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
  •     ကြက်သွန်မြိတ် – ၁စည်း ( ပါးပါးလှီးပါ)

ပြင်ဆင်နည်း

  1. အရင်ဆုံး ကြက်သားတုံးလေးများကို ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြင့် ရောနုယ်လိုက်ပါ။
  2. ဒယ်အိုးထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်၍ ကြက်သားတုံးလေးများကို ကျက်သည်အထိ မွှေပေးပါ။ ပြီးလျှင် ပန်းကန်တစ်ခုထဲ ကြက်သားများကို ပြန်ဖယ်ထားပေးပါ။
  3. မုန်လာဥနီ နှင့် ဘိုစားပဲများကို ရေနွေး ၂မိနစ်ခန့် ဖျော်ထားပေးပြီ ရေအေးပြန်စိမ်ထားပါ။ နောက်မှ ဇကာဖြင့် ရေပြန်စစ်ထားပါ။

ချက်ပြုတ်နည်း

  1. ထမင်းကြော် စကြော်ပါတော့မည်။  ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ခလောက်ထားသော ကြက်ဥများကို ထည့်ပြီ ကြေမွအောင် မိနစ်အနည်းငယ် မွှေလိုက်ပါ။
  2.  ထမင်းများကို ထည့်ပြီ အသာလေး မွှေပေးပါ။ (ထမင်းများ မကြေမွသွားပါစေနှင့်)
  3. မုန်လာဥနီ၊ ဘိုစားပဲ၊ ခရမ်းချဉ်သီး၊ ကြော်ထားသော ကြက်သားများကို ထည့်ပြီး ၁မိနစ်ခန့် ရောမွှေလိုက်ပါ။
  4. ပဲငံပြာရည်(အကြည်)၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ် အားလုံး ထည့်ပြီ ရောမွှေလိုက်ပါ။
    ပူပူနွေးနွေးလေး Beijing ထမင်းကြော်ကို မနက်စာအဖြစ် စားသုံးနိုင်ပါပြီ….
 

No comments:

Post a Comment

@templatesyard