အာပုံမုန့်
အစာပြေလုပ်စားနိုင်ဖို့ အာပုံမုန့် လုပ်နည်းလေးပါ။ အုန်းနို့ကြောင့် ချိုစိမ့်ပြီ အရမ်းလည်း စားကောင်းတယ်။ လုပ်နည်းလေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ဆန်မှုန့် – ၁ခွက် (၁၂၀ ဂရမ်)
- ကြက်ဥ – ၁လုံး
- သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
- ဆိုဒါ(baking soda) – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
- ရေ – ၁ခွက်
- အုန်းနို့နှစ်တွင် ပါဝင်ပစ္စည်းများ
- အုန်းနို့ခရင်း – ၁၆၀ ဂရမ်
- သကြား – စားပွဲတင်ဇွန်း ၃ဇွန်း
- ဆန်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ပြင်ဆင်နည်း
- အရင်ဆုံး ဇောက်ခွက်ထဲ (ဆန်မှုန့်၊ သကြား၊ ဆား၊ ဆိုဒါ) အားလုံးကို သမအောင် ရောနုယ်လိုက်ပါ။
- ကြက်ဥ၊ ရေ(၁ခွက်) ထည့်ပြီ hand mixer (သို့) မွှေတံ(wirewhisk) ဖြင့် ခပ်နာနာလေး အာပုံမှုန့် အရည်ချောမွေ့သွားသည်အထိ မွှေပေးပါ။
- အုန်းနို့အနှစ်ချက်ပါမည်။ ဒယ်ထဲ အုန်းနို့ခရင်းထည့်ပြီ ပျစ်အောင် ၁မိနစ်ခန့် တည်ထားပါ။
- သကြား၊ ဆန်မှုန့်တို့ကို ရောမွှေလိုက်ပြီ ပျစ်လာလျှင် မီးပိတ်ပြီ ခွက်တစ်ခုထဲထည့်ထားပါ။
- မုန့်ပြုလုပ်နည်း
- ဇောက်ဒယ်ထဲ ဆီထည့်ကာ စက္ကူဖြင့် ဒယ်ပတ်ပတ်လည် ဆီသုတ်ပေးပါ။
- မီးများများဖြင့် တည်ပါ။ ဒယ်ပူလာလျှင် အာပုံမှုန့် အနှစ်ရည်(ခွက်တဝက်)ကို လောင်းထည့်ပေးပြီး ဒယ်ကို စောင်းကာ အနှစ်ရည်များ အဝိုင်းပုံ ပြန့်သွားအောင် ပြုလုပ်ပါ။
- အာပုံ ဘေးသားများကြွပ်ရွ လာပြီ အညှိရောင်သန်းလာလျှင် ပန်းကန်ပြားတစ်ခုပေါ် တင်ထားပါ။ ထိုနည်းအတိုင်း အာပုံအနှစ်ရည်များကုန်သည်အထိ အာပုံမုန့်များကို ပြုလုပ်ပေးပါ။
- အာပုံမုန့်ပေါ်သို့ အုန်းနို့ရည်(စားပွဲတင်ဇွန်း ၂ဇွန်း)ကို ဆမ်းပြီ အပေါ်မှ သကြားအနည်းငယ်ဖြူး ပေးပါ။
အရသာရှိပြီ ချိုစိမ့်သော အာပုံမုန့်ကို ၄ခေါက်ခေါက်ပြီ အရသာရှိစွာ သုံးဆောင်လို့ရပြီ…
No comments:
Post a Comment