ငါးကောင်လုံးကြော်ချဉ်စပ်

ငါးကောင်လုံးကြော်ချဉ်စပ်

မြန်မာစတိုင် ချဉ်စပ် ငါးကောင်လုံးကြော်ဟင်းပါ။ ငါးကြော်လုံးကို အရိုးထုတ်ပြီမှ ဂျုံကပ်ကာ အကြွပ်ကြော်ထားတာပါ။ ပြီမှ အပေါ်မှ ခရမ်းချဉ်သီး ဟင်းရည်များကို ဆမ်းပြီ နံနံပင်အုပ်ကာ သုံးဆောင်ရတာပါ။ အရသာက၊ ချဉ်စပ် အရသာနဲ့ တကယ် ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ပါ။

ပါဝင်သောပစ္စည်းများ

  •     ကကတစ်ငါး (သို့) ငါးပါးနီ – တစ်ကောင် (ကြေခွံဖယ်ပြီ သန့်စင်ထားပါ)
  •     ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
  •     ကြက်သွန်နီ – ၁ခု (နုှတ်နှုတ်ဆင်းပါ)
  •     ဂျင်း – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ (နှုတ်နှုတ်ဆင်းပါ)
  •     ခရမ်းချဉ်သီး – ၂လုံး (နှုတ်နှုတ်ဆင်းပါ)
  •     သံပရာသီး – ၁လုံး
  •     ငရုတ်ပွနီအနှစ် – စားပွဲတင်ဇွန်း တဝက်
  •     နံနံပင် – ၁စည်း ( ၄ပိုင်းပိုင်းပေးပါ)
  •     ဂျုံမှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
  •     ငရုတ်သီးစိမ်း – ၃ခု (တဝက်ခြမ်းပါ)
  •     ဆား၊ ကြက်သားမှုန့်၊ သကြား၊ ငံပြာရည်

ချက်ပြုတ်နည်း

ငါး အထက်ဗိုက်သားကနေ ပုံတွင်ပါသည့်အတိုင်း အရိုး၊တောင်ပံအထက်ပိုင်းကနေ ငါးသားများကို ဖြည်းဖြည်းခြင်း လှီးပါ။ ပြီးလျှင် တစ်ဖက်ပြန်လှန်၍ အောက် ငါးဗိုက်သားကို ထပ်လှီးပါ။ပြီးမှ အလယ်က ငါးအရိုးကို ချိုးပြီး ထုတ်လိုက်ပါ။အရိုးထုတ်ပြီးလျှင် ငါးတစ်ကောင်လုံးကို ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တဝက်)ရောနုယ်လိုက်ပါ။ပြီးမှ နုယ်ထားသော ငါးမြှီကို ပုံတွင်ပါသည့်အတိုင်း အထဲဘက်သို့ ပြောင်းပြန် လှန်ထည့်လိုက်ပါ။ပြီးလျှင် ဂျုံများကပ်ပေးပါ။ဒယ်ထဲ ဆီများများထည့်ပြီး ဆီပူလာလျှင် ငါးကို ထည့်ပြီး အညှိရောင်သန်းသည် အထိ မီးအသင့်အတင့်ဖြင့် ကြော်ပေးပါ။ငါးကြော်ပြီးလျှင် ပြန်ဆယ်ပြီး ပန်းကန်ပြားတစ်ခုပေါ် ပြန်ဆယ်ထားပါ။ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီး ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ထည့် အညှိရောင်သန်းသည် အထိမွှေပေးပါ။ငရုတ်သီးအနှစ်ထည့် ပေးပြီး ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း များထည့်ပေးပါ။
ပြီးလျှင် ရေတစ်ခွက်ခန့် ထည့်ပေးပြီး ခရမ်းချဉ်သီးများ နူးအိပျောသည် အထိ အဖုံးအုပ် တည်ထားပါ။
အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း တဝက်)၊ ငံပြာရည်(စားပွဲတင်ဇွန်း တဝက်)၊ သံပရာသီး ညှစ်ထည့်ပေးပါ။
ဟင်းအနှစ် ဆီအနည်းငယ်ပြန်လာလျှင် အပေါ်မှ နံနံပင် အုပ်ပေးပါ။

ဟင်းအနှစ်ကို ကြော်ထားသော ငါးကြော်ပေါ်သို့ လောင်းချလိုက်ပါ ချဉ်စပ် ငါးကောင်လုံးကြော် ဟင်းကို ထမင်းလေးနဲ့ မြိန်ရှပ်စွာ စားသုံးနိုင်ပါပြီ…

    ”ဟင်းတွဲစားချင်သူများအတွက် ချဉ်စပ် ငါးကောင်လုံးကြော်၊ ကြာဇံချက် နှင့် ရှောက်သီးသုပ်ကို တွဲဖက်သုံးဆောင်နိုင်ပါတယ်”

No comments:

Post a Comment

@templatesyard