ကြာဇံချက်
ကြာဆံချက် ပူပူလေးနဲ့ ရှောက်သီးသုပ်လေးပါ။ နေ့လည်အစာပြေ အဖြစ်ပဲဖြစ်ဖြစ်၊ ထမင်းနဲ့ တွဲဖက် ဟင်းချိုအဖြစ်လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်။ လုပ်ရလွယ်ပြီ စားလို့လည်း ကောင်းသည်မို့ ခုပဲ ကြာဇံချက် ပူပူလေးနဲ့ ရှောက်သီးသုပ်ကို တူတူ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ပဲကြာဇံ – ၁၅ကျပ်သား (၂၄၀ ဂရမ်)
- ကြက်ရိုး – ၃၀ကျပ်သား(၄၈၀ ဂရမ်)
- ငါးဖယ် – ၁၀ ကျပ်သား (၁၆၀ ဂရမ်) Optional
- မှိုခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
- ပဲခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
- ပန်းခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
- ငုန်းဥ – ၁၀လုံး (ရေဖြင့် ကျက်အောင် ပြုတ်ပြီ အခွံနွှာထားပေးပါ)
- ကြက်သွန်နီ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
- နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
- ငရုတ်သီး အရောင်တင်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
- ဆား – စားပွဲတင်ဇွန်း ၁ဇွန်း
- ငါးငံပြာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
- ဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ – ၅လုံး (ပါးပါးလှီးပါ)
- နံနံပင် – စည်းဝက် (ပါးပါးလှီးပါ)
- သံပရာသီး – ၄လုံး (၄စိပ်စိပ်ပါ)
- ငါးငံပြာရည်
ပြင်ဆင်နည်း
- အရင်ဆုံး ပဲကြာဇံ၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲခြောက်တို့ကို ရေဖြင့် စိမ်ထားပေးပါ။
- ဒယ်အိုးထဲ ရေ(၄လီတာ)ထည့်ပြီ ကြက်ရိုးများကို ပြုတ်ထားပါ။
- ရေ၃လီတာလောက်ကျန်လျှင် ကြက်ရိုးပြုတ်အိုးကို မီးပိတ်လိုက်ပြီ ကြက်ရိုးများကို ပြန်ဆယ်ကာ၊ အအေးခံပြီ ကြက်ရိုးမှ အသားများ နွှင်းပေးပါ။
- ငါးဖယ်ကို (ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငရုတ်သီးမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)) တို့ဖြင့် သမအောင် နုယ်ပြီ ငါးဖယ်ကို အပြားလေးများ လုပ်ပေးကာ ဆီများများဖြင့် ကြောပေးပြီ ပါးပါးလှီးပေးပါ။
- ဒယ်ထဲ ဆီထည့် ဆီပူလာမှ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသပ်ပေးပါ။
- နနွင်းမှုန့်၊ အရောင်တင်မှုန့်တို့ကိုထည့်ပြီး အသားနွှင်းထားသော ကြက်သားများကိုထည့်ပေးပါ။
- အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ဆီပြန်လျှင်မီးပိတ်လိုက်ပါ။
- ပန်းကန်ပြားတစ်ခုထဲ ပန်းခြောက်၊ မှိုခြောက်၊ ပဲခြောက်၊ ငုံးဥ၊ ကြက်သားချက်၊ ငါးဖယ် တို့ကို ကြာဇံချက် ချက်ရန် အသင့်ပြင်ထားပါ။
ချက်ပြုတ်နည်း
- ကြက်ပြုတ်ရည်ကို ဆူအောင် ပြန်တည်ထားပါ။
- ဆူလာလျှင် ကြက်သား၊ မုှိခြောက်၊ ပန်းခြောက်၊ ပဲခြောက်၊ ငါးဖယ်၊ ငုန်းဥ တို့ကို ထည့်ပြီ ၅မိန်ခန့် အဖုံးအုပ်ထားပါ။
- အရသာအတွက် ငါးငံပြာရည်၊ ဆား၊ သကြား၊ တု့ိကို ထည့်ပြီ ရောမွှေလိုက်ပါ။ အရသာ အနေတော်လျှင် မီးပိတ်လိုက်ပါ။
- ပန်းကန်လုံးတစ်ခုထဲ ကြာဇံချက် လောင်းထည့် အပေါ်မှ ကြက်သွန်နီ၊ နံနံပင်၊ သံပရာသီး ညှစ်ထည့်ကာ ကြာဇံချက် ပူပူလေးကို သုံးဆောင်လို့ရပါပြီ…
မှတ်ချက် ။ ။ ကြာဇံချက်ကို ချက်ချင်း မသုံးဆောင်သေးလျှင် ကြာဇံကို ချက်တဲ့အခါ ထည့်မချက်ပဲ သက်သက်အိုးဖြင့် ပြုတ်ပြီ ဆယ်ထားပါ။ စားမှ ပန်းကန်ထဲ ကြာဇံကို ထည့်ပြီ ကြာဇံချက်အရည်ဖြင့် တွဲဖက် သုံးဆောင်ပါ။
No comments:
Post a Comment