ကောက်ညှင်းနှမ်းလုံးကြော်
အစာပြေ စားဖို့ တရုတ်စတိုင် ကောက်ညှင်း နှမ်းလုံးကြော်လေးတွေပါ။ အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင် ပါတယ်။ ခုပဲ တူတူလုပ်ကြည့်ရအောင်…
ဒိုးလုံးတွင်ပါဝင်ပစ္စည်းများ
- ကောက်ညှင်းမှုန့် – ၂၅၀ ဂရမ်
- ဆန်မှုန့် – ၁၀၀ ဂရမ်
- သကြား – စားပွဲတင်ဇွန်း ၃ဇွန်း
- ရေနွေး – ၃၅၀ မီလီလီတာ
- နှမ်း – ၁၀၀ ဂရမ်
ပဲလုံးတွင် ပါဝင်ပစ္စည်းများ
- Red Kidney Bean – စည်သွပ်ဗူး ၁ဗူး
- သကြား – ၂၀၀ ဂရမ်
- ဆား – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ပဲလုံး ပြုလုပ်နည်း
- အရင်ဆုံး Red Kidney bean ပဲ (၂၃၀ ဂရမ်) ကို စည်သွပ်ဗူးထဲမှ ထုတ်ပြီ ရေစင်အောင် ဆေးပါ။
- ပြီလျှင် blender ကြိတ်စက်ဖြင့် ပဲများကို ရေအနည်းငယ်ထည့်ပြီ ကြေညက်သည်အထိ ကြိတ်ပေးပါ။
- ပြီလျှင် ဒယ်ထဲ ပဲအနှစ်ရည်၊ သကြား တို့ကို ထည့်ပြီ ရေမကျန်သည်အထိ မီးအသင့်တင့်ဖြင့် တည်ထားပါ။
- ပဲများ ပျစ်လာလျှင် မီးပိတ်ပြီ ခေတ္တအအေးခံထားပါ။
- ပြီနောက် ပုံတွင် ပါသည့်အတိုင်း လက်မအရွယ် ပဲလုံးလေးများ လုံးပေးထားပါ။
ကောက်ညှင်း နှမ်းလုံးကြော် လုပ်နည်း
- ဇလုံတစ်ခုထဲ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်တို့ကို သမအောင် ရောမွှေလိုက်ပါ။
- ရေနွေးဖြင့် သကြား၊ ဆားကို ပျော်အောင် ဖျော်ပြီ ကောက်ညှင်းမှုန့်ခွက်ထဲ လောင်းထည့်ပြီ သမအောင် ရောမွှေပါ။
- ကောက်ညှင်းဒိုးသားကို ခပ်နာနာလေး နုယ်ပေးပြီ မပျော့မမာ အနေထားရောက်လျှင် ဒိုးသားများကို ၁လက်မအရွယ် အလုံးလေးများ လုံးပေးပါ။
- လက်ဖြင့် အဝိုင်းပြား ပြုလုပ်လိုက်ပြီ ပဲလုံးများကို ပုံတွင် ပါသည့်အတိုင်း အစာသွပ်ကာ အလုံးပြန်လုံးပေးပါ။
- ထိုနည်းအတိုင်း ကျန်ကောက်ညှင်းလုံးများကို ပဲအစာသွပ်ပြီ လုံးပေးပါ။ ပြီလျှင် နှမ်းမကပ်ခင် ဒိုးလုံးများကို ရေစိမ်ပြီမှ နှမ်းခွက်ထဲ ထည့်ကာ နှမ်းကပ်ပါ။
- ဒယ်ထဲ ဆီများများထည့်ကာ ပူအောင် တည်ထားပါ။ ဆီပူလာလျှင် နှမ်းလုံးများကို အညှိရောင်သန်းသည်အထိ ၂မိနစ်ခန့် ကြော်ပေးပါ။
No comments:
Post a Comment