၀က်လက် ထမင်းပေါင်း
တရုတ်စတိုင် ဝက်လက် ထမင်းပေါင်း။ ဝက်လက်ကို တရုတ်ဟင်းခတ် အမွှေးကြိုင်တွနဲ့ ရောချက်ထား တာမို့ အရသာရော၊ အနံ့ပါ စားလို့ အရမ်း ကောင်းမွန်ပါတယ်။။ ဝက်လက် ထမင်းပေါင်းနဲ့ မုန့်ညှင်းစိမ်း၊ ကြက်ဥတို့နဲ့ အလွန်လိုက်ဖက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်လက် – ၂ခု (၁.၅ ကီလိုဂရမ်) (သန့်စင်အောင် ဆေးကြောထားပါ)
- ကြက်သွန်ဖြူ – ၆မွှာ (ပါးပါးလှီးပါ)
- ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)
- ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၃ဇွန်း
- ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၃ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
- ဆန်ဝိုင် – စားပွဲတင်ဇွန်း ၃ဇွန်း
- ဗီနီကာ – စားပွဲတင်ဇွန်း ၂ဇွန်း
- သစ်ဂျပိုး – ၁ခု
- နတ်နတ်ပွင့် – ၂ခု
- ကလဝေရွက် – ၂ခု
- စီချွမ့် ငရုတ်ကောင်း (Hua Jioa) – စားပွဲတင်ဇွန်း ၁ဇွန်း
- ကြက်ဥ – ၂လုံ (ကျက်အောင် ပြုတ်ပြီ အခွံနွှာထားပေးပါ)
- ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း (ရေအနည်းငယ်ဖြင့် ဖျော်ထားပေးပါ)
- မုန့်ညှင်းစိမ်း – ၁စည်း (ရေစင်အောင် ဆေးပြီ ထက်ပိုင်းပိုင်းထားပါ) (တွဲဖက်စားရန်)
ချက်ပြုတ်နည်း
- အရင်ဆုံး ဒယ်အိုးတစ်ခုထဲ ဝက်လက်မြုပ်နိုင်မယ့် ရေပမဏထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပါ။
- ဆူလာလျှင် ဝက်လက်ထည့်ပြီ ၅မိနစ်ခန့် ထပ်တည်ပါ။ အပေါ်မှ အမြုပ်မှာ တက်လာလျှင် ဇွန်းဖြင့် ဖယ်ပေးပါ။
- ပြီးလျှင် ရေများသွန်ပြီ ဝက်လက်များကို ပြန်ဖယ်ထားပါ။
- ဒယ်(သို့) Pressure cooker ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပါ။ ဆီပူလာလျှင် သစ်ဂျပိုး၊ နတ်နတ်ပိုး၊ ကလဝေရွက်၊ ထည့်ပြီ (၁)မိနစ်ခန့် ရောမွှေပါ။
- ပြီးမှ ကြက်သွန်ဖြူ၊ ဂျင်း၊ စီချွမ့် ငရုတ်ကောင်းတို့ကို ထည့်ပြီ ဆီသပ်ပေးပါ။
- ထို့နောက် ရေ(၃ခွက်)၊ ဆန်ဝိုင်၊ ပဲငံပြာရည်(အကြည်)၊ ပဲငံပြာရည်(အနောက်)၊ ဗီနီကာ၊ သကြား၊ ဝက်လက်၊ ပြုတ်ထားသော ကြက်ဥ များကို ထည့်ပါ။
- ရိုးရိုး ဒယ်နှင့်ချက်လျှင် ဝက်လက်များကို နာရီဝက်ခြားတစ်ခါ တဖက်သို့ လှန်ပေးပြီ ဝက်လက်နူးအိ သည်အထိ ၂နာရီခန့် မီးအသင့်တင့်ဖြင့် အဖုံးအုပ်ကာ တည်ပေးပါ။ (သို့) Pressure cooker နှင့် ချက်လျှင် (၄၅)မိနစ်ခန့် ချက်ပေးပါ။
- ဝက်လက် နူအိပြီဆိုလျှင် ဝက်လက်ကို ဓားဖြင့် အဝိုင်းများ ပိုင်းဖြတ်ပေးပါ။ ကြက်ဥကို (၄)စိပ်စိပ် ပေးပြီး မုန့်ညှင်းစိမ်းကို ရေနွေးဖျော်ပေးပါ။
- ဝက်လက်ပြုတ်ရည်ထဲ ဆူအောင် ပြန်တည်ပြီ ကော်ရည် ထည့်ပေးပါ။
- ပန်းကန်ထဲ ထမင်း၊ ဝက်လက်၊ ကြက်ဥ၊ မုန့်ညှင်းစိမ်း တို့ကို ပြင်ဆင်ပေးကာ ဝက်လက်ဆော့ရည်များကို အပေါ်မှ ဆမ်းပေးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…
No comments:
Post a Comment