ရွှေတောင်ခေါက်ဆွဲ
မနက်စာ၊ အစာပြေ လုပ်စားနိုင်ဖို့ ရွှေတောင်ခေါက်ဆွဲ လုပ်နည်းပါ။ လုပ်ရလွယ်ပြီ အိမ်မှာ အလွယ်တကူ လုပ်စားနိုင်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ဂျုံခေါက်ဆွဲ – ၂၅ကျပ်သား
- ကြက်သွန်နီ – ၄လုံး (ပါးပါးလှီးပါ)
- နံနံပင် – ၁စည်း (ပါးပါးလှီးပါ)
- သံပရာသီး – ၄လုံး (၄စိပ်စိပ်ပါ)
- အုန်းသီး – ၁လုံး (ခြစ်တံဖြင့်ခြစ်ပြီ အရည်ညှစ်ပေးပါ) (အုန်းဆီနှစ် ချက်ရန်)
- ပဲအကျက်မှုန့် – ၄၀ ဂရမ်
- ငရုတ်သီးအကြမ်းမှုန့်ကြော် – စားပွဲတင်ဇွန်း ၃ဇွန်း
ကြက်သားဟင်း ချက်ရန် ပါဝင်ပစ္စည်းများ
- ကြက်ရင်ဗုံသား – ၂ခု (၂၅၀ ဂရမ်) (အတုံးသေးများ တုံးပါ)
- ကြက်သွန်နီ – ၄လုံး (ဥသေး(သို့) ဥကြီးထက်ခြမ်းခြမ်းပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
- ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
ပြင်ဆင်နည်း
- အရင်ဆုံး ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက် စားသုံးရန် ဂျုံခေါက်ဆွဲမုန့်ကြွပ် ကြော်ပါမည်။
- ဒယ်ထဲ ဆီများများထည့်ပြီ ဆီတော်တော်ပူလာမှ ဂျုံခေါက်ဆွဲဖတ် လက်တဆုပ်စာကို ၂ခါခွဲပြီ အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
- ပန်းကန်ထဲ ပြန်ဆယ်ထားပေးပါ။
- အုန်းဆီနှစ်ချက် လုပ်ရန် အုန်းသီးညှစ်ရည်များကို ဒယ်ထဲတွင် မီးအသင့်အတင့်ဖြင့် ဆီပြန်သည် အထိ တည်ထားပေးပါ။
- ဆီပြန်လျှင် မီးပိတ်လိုက်ပြီ ပန်းကန်ထဲပြောင်းထည့်ထားပါ။
ချက်နည်း
- ကြက်သားဟင်းချက်ရန် ဒယ်ထဲ ဆီထည့်ပြီ ဆူပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
- ငရုတ်သီးမှုန့်ထည့်၊ ကြက်သားထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။
- ရေ(၃ခွက်)၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်နီထည့်ပြီ ၂မိနစ်ခန့် တည်ထားပါ။
- ရေ (၂ခွက်)စာ ကျန်လျှင် အရသာမြည်းပြီ မီးပိတ်လိုက်ပါ။ ကြက်သားဟင်းရည် ရပါပြီ…
- ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန် ဇောက်ပန်းကန်ပြားတစ်ခုထဲ ခေါက်ဆွဲ၊ ကြက်သွန်နီ၊ အုန်းဆီချက်၊ ပဲမှုန့်၊ သံပရာသီး၊ ငရုတ်သီးမှုန့်၊ မုန့်ကြွပ် တို့ကို ထည့်ပြီ ပြင်ပေးပါ။
- အပေါ်မှ ကြက်သားဟင်းရည်(ယောက်ချို ၂ဇွန်း) လောင်းချလိုက်ပါ။
- အရသာရှိသော ရွှေတောင်ခေါက်ဆွဲကို သုံးဆောင်လို့ရပါပြီ…
No comments:
Post a Comment