ကြက်သားစလုကြော်ချက်


ဒီဟင်းပွဲကဖက်ထုပ်ပြုတ်နဲ့ခပ်ဆင်ဆင်ပါ။ဒါပေမယ့်ဖက်ထုပ်ကကြက်သားကိုကြိတ်ဖက်ထုပ်ရွက်ဖြစ်တဲ့ ဂျုံရွက်နဲ့ထုပ်တာဖြစ်ပြီးဒီဟင်းပွဲအတွက်ကတော့မုန့်နှစ်ရည်ကိုကိုယ်တိုင်စပ်ရတာဖြစ်ပါတယ်ယူနန်ဟင်းပွဲ တစ်မျိုးဖြစ်ပြီးဟင်းရည်လို့ပြောပေမယ့်အရည်ကိုဦးစားပေးစားရတဲ့ဟင်းပွဲမျိုးတော့မဟုတ်ပါဘူး။


ပါ၀င်ပစ္စည်းများ
  • ကြက်ရင်ပုံသား..................၂ခု
  • ချင်းသေးသေး....................၁တက်
  • ကြက်စွပ်ပြုတ်ရည်................၃လီတာခန့်
  • ကြက်သွန်မြတ်+တရုတ်နံနံ....အနည်းငယ်
  • ငရုတ်ကောင်းမှုန့် ................အနည်းငယ်

မုန့်နှစ်ရည်အတွက်
  • ဂျုံနုမှုန့်................ ၁၀၀ ဂရမ်
  • ဆား.....................အနည်းငယ်
  • ဆိုဒါမှုန့်.................အနည်းငယ်
  • ကြက်ဥ.................. ၃လုံး
  • ရေ........................လိုအပ်ရုံ
ချက်ပြုတ်နည်း
1. ကြက်ရိုး (သို့) ခေါင်းခြေထောက်များကို ရေ(၄) လီတာလောက်နှင့်ကြက်ပြုတ်ရည်ပြုလုပ်ထားပါ။(ပာင်းရည်ကြည်လင်နေစေဖို့ဂရုပြုပါ။)

2. ပထမဆုံးကြက်သားများကို ၂ စင်တီမီတာလောက်တုံးပြီးပြီဆိုရင်မုန့်နှစ်ရည်အတွက်ပါ၀င်ပစ္စည်းအားလုံးကို နှံ့အောင်ရောခေါက်ပါ။

3.စေးပျစ်ပျစ်(ညောင်စေးကဲ့သို)မုန့်နှစ်ရည်ရပြီဆိုပါကဇွန်းခွက်လုံးသေးသေး(ငံပြာရည်ခပ်တဲ့ဇွန်းမျိုး)မှာ၂စင်တီမီတာကြက်သား တုံးလေးတစ်တုံးစီကိုထည့်ပြီးမုန့်နှစ်ဖုံးအုံးပါ။

4. ထို့နောက်ဆီပူအိုးထဲတွင်နှစ်လိုက်ပါ။

5. ကြက်သားလုံးလေးကဇွန်းခွက်မှကျွတ်ထွက်သွားမှဇွန်းလုံးလေးကိုဆီပူမှပြန်ဖယ်ရှားပေးပါ။

6. အရောင်အရမ်းမရင့်စေပဲရွှေအိုရောင်သန်းလာသည်ဆိုရုံနှင့်ဇကာဖြင့်စစ်ထုတ်ပြီးဆီစစ်ထားပါ။

7. ကြက်သားကြော်တဲ့အချိန်ကတော့လက်၀င်လှသလိုစိတ်လည်းရှည်ရပါတယ်။(ဒီကြော်တဲ့အဆင့်ပြီးရင်တော့ပာင်းပွဲကပြီးဆုံးသလောက်ပါပဲ။)

8. ကြက်စွပ်ပြုတ်ရည်ကိုချင်းနဲ့အတူအပူပေးပြီးဆား၊ပာင်းခတ်မှုန့်တို့နှင့်အရသာသွင်းပါ။

9. ဆူလာပြီဆိုရင်တော့ ကြက်သားလုံးကြော်လေးများကိုပေါင်းထည့်၊မီးလျှော့ချပြီး ၁၅မိန်စ်လောက် မီးအေးအေး နှင့်အဖုံးပိတ်ချက်ပါ။

10. ကြော်ထားတဲ့မုန့်နှစ်သားလေးများကပာင်းရည်ပြည့်၀စွာစုပ်ယူပြီးချိန်လောက်မှာငရုတ်ကောင်းခတ်ပြီး ကြက် သွန် မြိတ်၊တရုတ်နံနံလေးဖြူ းပေးလိုက်ရင်အဆင်သင့်ဖြစ်ပါပြီ။

No comments:

Post a Comment

@templatesyard